လာမယ့်(၂၀၁၈-၁၉)ဘောလုံးရာသီအတွက် ပီအက်စ်ဂျီအသင်းနည်းပြ အူနိုင်းအမ်မရီရဲ့ နေရာကို အစားထိုး ကိုင်တွယ်မယ့်နည်းပြနေရာမှာ ဒေါ့မွန်အသင်းနည်းပြဟောင်း သောမတ်တူချယ်က ရေပန်းအစားဆုံးနည်းပြဖြစ်နေတယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အူနိုင်းအမ်မရီကို(၂၀၁၆)ခုနှစ်၊ ဇွန်လအတွင်းမှာ နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး အမ်မရီကိုင် တွယ်ချိန်မှာ ပြင်သစ်လိဂ်ဖလားချန်ပီယံဆုအပါအ၀င် ဆုဖလား(၄)ခု ရရှိထားပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်း အောင်မြင်မှုတွေထက် ဥရောပအောင်မြင်မှုကို ပိုမိုဆာလောင်တဲ့ ပီအက်စ်ဂျီအသင်းဟာ အမ်မရီလက်ထက်ချန် ပီယံလိဂ်ပြိုင်ပွဲမှာကျရှုံးခဲ့တဲ့ အခြေနေကြောင့် လာမယ့်ရာသီမှာအသင်းနည်းပြနေရာကို အပြောင်းအလဲပြုလုပ် လိုနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမ်မရီကိုင်တွယ်ခဲ့တဲ့ (၂)ရာသီဆက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ(၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လာမယ့်ဘောလုံးရာသီသစ်မှာ နည်းပြသစ်ရာထူးအတွက် ချယ်ဆီးမှကွန်တီ၊ ဂျူဗင်တပ်မှအယ်လီဂရီ၊ ဘာစီလိုနာနည်းပြဟောင်းအင်းနရစ်နဲ့ အသင်းနည်းပြဟောင်း အန်ဆယ်လော့တီတို့ကို ခန့်အပ်ဖို့ဆန်္ဒရှိခဲ့တာဖြစ်ပါတယ်။ 

 

 

 

Related News