အေစီမီလန်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာအသင်းကိုရလဒ်ပိုင်းတည်ငြိမ်လာအောင် ပြန်လည်စွမ်း ဆောင်ပေးနိုင်ခဲ့တဲ့နည်းပြဂတ်တူဆိုကိုစာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။နည်းပြဂတ်တူဆိုဟာအေစီမီလန်အသင်းနဲ့ (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး (၂၀၂၁) ခုနှစ်အထိအသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

ရာသီအစက ရလဒ်တွေဆိုးတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ အေစီမီလန်အသင်းဟာ နည်းပြဂတ်တူဆိုလက်ထက်မှာ ရလဒ်ပိုင်းတိုးတက်မှု တွေရှိလာခဲ့ပြီး ပုံစံကောင်းတွေပြန်လည်ပြသနိုင်ခဲ့ပါတယ်။ နောက်ဆုံးစီးရီးအေ(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပေ မယ့် ဂတ်တူဆိုရဲ့အေစီမီလန်အသင်းဟာစီးရီးအေ(၁၀)ပွဲဆက်ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂတ်တူဆိုဟာ အေစီမီလန်အသင်းကို စီးရီးအေပွဲစဉ်(၁၉)မှပွဲစဉ်(၂၉)အထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ ပြီး အဆိုပါပွဲစဉ်(၁၀)မှာ အေစီမီလန်အသင်းဟာ (၈)ပွဲနိုင်၊(၂)ပွဲသရေရလဒ်ရရှိအောင်ကစားနိုင်ခဲ့ပါတယ်။

အေ စီမီလန်အသင်းဟာ ပြီးခဲ့တဲ့ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာ အကောင်း ဆုံးပုံစံရရှိခဲ့ပြီး ဇန်န၀ါရီလမှာယှဉ်ပြိုင်ကစားခဲ့တဲ့စီးရီးအေပွဲစဉ်(၃)ပွဲစလုံးကိုအနိုင်ရရှိခဲ့သလို ဖေဖော်ဝါရီအတွင်း ကယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်(၄)ပွဲမှာလည်း (၃)ပွဲအထိအနိုင်ရရှိခဲ့ကာ (၁)ပွဲသာသရေရလဒ်ရရှိခဲ့ပါတယ်။

အေစီမီ လန်အသင်းဟာ ရာသီအစပိုင်းက ရလဒ်တွေဆက်တိုက်ဆိုးဝါးနေခဲ့တာကြောင့် နည်းပြမွန်တဲလားကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ ဂန်္တ၀င်ကစားသမားတစ်ဦးလည်းဖြစ်တဲ့ ဂတ်တူဆိုကို (၂၀၁၇)ခုနှစ်၊ နိုဝင်ဘာလက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

နည်းပြဂတ်တူဆိုအနေနဲ့ အေစီမီလန်အသင်းကို ပြိုင်ပွဲစုံ (၂၅)ပွဲကိုင်တွယ်ခဲ့ရာမှာ (၁၃)ပွဲနိုင်၊(၆)ပွဲသရေ၊(၆)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း(၅၂)ရာခိုင်နှုန်းအထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

 

 

Related News