မန်စီးတီးအသင်းဟာ အဓိကပြိုင်ပွဲတွေဖြစ်ကြတဲ့ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ပြိုင်ပွဲ(၂)ခုကြား ဗျာများ နေခဲ့ရပြီး အဆိုပါပြိုင်ပွဲ(၂)ခုမှာ ပွဲကြပ်တွေကိုဆက်တိုက်ရင်ဆိုင်ကစားဖို့ရှိနေပါတယ်။ယနေ့ဧပြီလ(၅)ရက်နေ့မနက်ပိုင်းမှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ပွဲကြပ်ကာလနဲ့ ရင်ဆိုင်နေရပြီး လီဗာပူးလ်အသင်းနဲ့ ထပ်မံယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အပါအ၀င် ပရီးမီးယားလိဂ်ပွဲကြပ်တွေပါ ဆက်တိုက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ဆုဖလားအောင်မြင်မှုများစွာရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပြီး ယခုနှစ်ရဲ့ပထမဦးဆုံးဆုဖလားအဖြစ် လိဂ်ဖလား ကိုစောစီးစွာ ရယူထားနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ သေချာသလောက်ရှိနေပေမယ့် ချန်ပီယံအသင်းအဖြစ် စောစီးစွာအာင်ပွဲခံနိုင်ဖို့ မန်ယူ အသင်းနဲ့ ယခုအပတ်မှာယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)ကို နိုင်ပွဲရယူနိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအ ကျော့အဝေးကွင်းပွဲစဉ်မှာ (၃)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ရတာကြောင့် မန်စီးတီးအသင်းအနေနဲ့ လာမယ့်ပွဲကြပ်တွေမှာ အာရုံများတော့မှာဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာလည်း ရလဒ်ကောင်းရယူနိုင်ဖို့ ပြန်လည်ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)ပြီးပါက ပွဲစဉ်(၃၄)မှာ စပါးအသင်းနဲ့ပွဲကြပ်တစ်ပွဲကို ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် မန်စီးတီးအသင်း အနေနဲ့ ပွဲကြပ်ကာလမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 

 

 

Related News