ယခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့အေးဂျင့်အတွက်အသုံးပြုခဟာ ယခင်နှစ် ဘောလုံးရာသီကထက် ပိုမိုမြင့်တက်လာခဲ့ပြီး အခြားဥရောပလိဂ်တွေထက်လည်း ပိုမိုများပြားနေတာဖြစ်ပါတယ်။ နိုင်ငံတကာအားကစားသတင်းအယ်ဒီတာက ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ပရီးမီးယားလိဂ်အပါအ၀င် အင်္ဂလန်ထိပ်သီးလိဂ် (၅) ခုမှ ကလပ်အသင်းတွေရဲ့ ယခုနှစ်ဘောလုံးရာသီ အေးဂျင့်အတွက်အသုံးပြုစရိတ်ဟာ ပေါင် (၂၅၇) သန်းအထိရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေကတော့ အေးဂျင့်ခအတွက်ပေါင် (၂၁၁) သန်းအထိအသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့နှစ် (၂၀၁၆-၂၀၁၇) ရာသီကထက် ပေါင် (၃၇) သန်းအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ င်္ဗ ထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေအရ အင်္ဂလန်ကလပ်အသင်း တွေရဲ့အေးဂျင့်ခအတွက်အသုံးစရိတ်ဟာ ယမန်နှစ် (၂၀၁၆-၂၀၁၇) ရာသီက တစ်နှစ်အတွင်းမှာ ပေါင်သန်း (၁၆၀)မှပေါင်သန်း (၂၀၀) ကျော်အထိရှိလာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၃၈) ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ ကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ယခုနှစ်ဘောလုံးရာသီမှာ ကစားသမားခေါ်ယူမှုအ တွက်စုစုပေါင်း ပေါင် (၁.၉) ဘီလီယံခန့်စံချိန်တင်အသုံးပြုခဲ့ကြပြီး အဆိုပါပမာဏဟာ အခြားထိပ်သီးဥရောပ လိဂ်တွေထက်လည်းပိုမိုများပြားနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အသင်းကြီးအများစုဟာ အခြားအသင်းတွေထက်အေးဂျင့်ခပိုမိုအသုံးပြုခဲ့ပြီး လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ကစားသ မားခေါ်ယူမှုအတွက် အေးဂျင့်များပြားစွာအသုံးပြုခဲ့ကြပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်း ဟာ အေးဂျင့်အတွက်အသုံးစရိတ်ပေါင် (၂၆.၈) သန်းနဲ့အများဆုံးအသုံးပြုခဲ့ပြီး ချဲလ်ဆီးအသင်းက ပေါင် (၂၅.၁) သန်း၊ မန်စီးတီးအသင်းက ပေါင် (၂၃.၅) သန်းအထိအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ နောက်မှာတော့ မန်ယူအသင်းကအေးဂျင့်ခပေါင် (၁၈) သန်းနဲ့ရပ်တည်နေပြီး အာဆင်နယ်အသင်းကတော့ ပေါင် (၁၀.၆) သန်းသာအသုံးပြုခဲ့သလို စပါးအသင်းဟာလည်း ပေါင် (၇.၂) သန်းသာ အေးဂျင့်ခအတွက်အသုံး ပြုခဲ့ပါတယ်။

 

 

Related News