ဝက်ဘရွန်းအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရတာကြောင့် နည်းပြအလန်ပါဂျူးကိုရာထူးမှထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ၀က်ဘရွန်းအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲမှာ ရမှတ်တစ်မှတ်မှ ရယူနိုင်ခဲ့ခြင်းမရှိခဲ့ပဲ (၈) ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ ၀က်ဘရွန်းအသင်းအနေနဲ့ နောက်ဆုံးပရီးမီး ယားလိဂ် (၁၀) ပွဲမှာ နိုင်ပွဲတစ်ပွဲသာရရှိခဲ့ပြီး၊ (၁) ပွဲသရေနဲ့ (၈) ပွဲအထိရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယခုလိုရလဒ် တွေအတော်လေးဆိုးဝါးခဲ့တာကြောင့် ၀က်ဘရွန်းအသင်းဟာနည်းပြအလန်ပါဂျူးကို ရာထူးမှထုတ်ပယ်ခဲ့ပါ တယ်။ နည်းပြအလန်ပါဂျူးဟာ ၀က်ဘရွန်းအသင်းကို နိုဝင်ဘာလ (၂၉) ရက်နေ့မှာစတင်ကိုင်တွယ်ခဲ့ပြီး ၀က် ဘရွန်းအသင်းကို ပြိုင်ပွဲစုံပွဲစဉ် (၂၁) ပွဲအထိကိုင်တွယ်ခဲ့တဲ့နည်းပြတစ်ဦးဖြစ်ပါတယ်။ အဆိုပါပွဲစဉ် (၂၁) ပွဲမှာ အလန်ပါဂျူးအနေနဲ့နိုင်ပွဲ (၃) ပွဲသာရယူနိုင်ခဲ့ပြီး (၅) ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ကာ (၁၃) ပွဲအထိရှုံးပွဲကြုံတွေ့ခဲ့ ရပါတယ်။

ယခုလိုရှုံးပွဲတွေအများအပြားကြုံတွေ့ခဲ့ရတဲ့ နည်းပြအလန်ပါဂျူးဟာ ၀က်ဘရွန်းအသင်းကို သူကိုင် တွယ်ခဲ့တဲ့ကာလတစ်လျှောက် နိုင်ပွဲရာခိုင်နှုန်း (၁၄.၃) ရာခိုင်နှုန်းသာရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၀က် ဟမ်း၊ ဆောက်သမ်တန်၊ နယူးကာဆယ်နဲ့ ခရစ်္စတယ်ပဲလေ့စ်အသင်းတွေကိုကိုင်တွယ်ခဲ့ဖူးတဲ့ အလန်ပါဂျူးအ တွက်အဆိုပါရလဒ်ဟာ သူရဲ့နည်းပြသက်တမ်းတစ်လျှောက် အဆိုးဝါးဆုံးမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ၀က်ဘ ရွန်းအသင်းအနေနဲ့ အလန်ပါဂျူးနေရာမှာအစားထိုးနိုင်ဖို့အတွက် နည်းပြတစ်ဦးကို အလျင်အမြန်ရှာဖွေနေ ကြောင်းသိရပြီး အော့စတာဆန်အသင်းနည်းပြ ဂရေဟမ်ပေါ်တာ၊ အစ်ဆွစ်ခ်ျတောင်းနည်းပြမက်္ကာသီနဲ့ အဘာ ဒင်းအသင်းနည်းပြမက်အင့်တို့က ၀က်ဘရွန်းအသင်းရဲ့နည်းပြသစ်နေရာအတွက် ရေပန်းစားနေကြောင်းလည်း ဥရောပမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

 

 

Related News