ယူရိုပါလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေအားလုံး ယှဉ်ပြိုင်ကစားပြီးချိန်မှာတော့ ဥရောပ နာမည်ကြီးအသင်းအချို့ဟာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ခြင်းမရှိပဲ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ယူရိုပါလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေ အားလုံးပြီးဆုံးချိန်မှာ အာဆင်နယ်၊ အက်သ လက်တီကိုမက်ဒရစ်၊ လာဇီယို၊ လိုက်ပ်ဇစ်နဲ့ မာဆေးလ်အသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်ခဲ့ပေမယ့် ဥရောပနာမည်ကြီးအသင်းအချို့ကတော့ လက်ရှိအဆင့်မှာပဲ ထွက်ခွာခဲ့ရပါတယ်။ ဒေါ့မွန်၊ အေစီမီ လန်၊လိုင်ယွန်နဲ့ဘီဘာအိုအသင်းတို့လို ဥရောပနာမည်ကြီးတွေဟာ (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေ မှာ ရလဒ်တွေဆိုးဝါးခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။
 
ဒေါ့မွန်အသင်းဟာ ယခု(၁၆)သင်းအဆင့်မှာ ရက်ဘူးလ် ဆဲလ်ဘတ်အသင်းနဲ့တွေ့ဆုံခဲ့ပြီး (၂)ကျော့ပေါင်းရလဒ် (၂)ဂိုး၊(၁)ဂိုးနဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသလို အေစီ မီလန်အသင်းဟာလည်း (၂)ကျော့ပေါင်းရလဒ်(၅)ဂိုး၊(၁)ဂိုးနဲ့ အာဆင်နယ်အသင်းကိုရှုံးနိမ့်ပြီး (၁၆)သင်းအဆင့် မှလှည့်ပြန်ခဲ့ရပါတယ်။ လိုင်ယွန်အသင်းကတော့ (၁၆)သင်းအဆင့်ပွဲစဉ်တွေမှာ ဃှုဗ မော်စကိုအသင်းနဲ့ (၂) ကျော့ပေါင်းရလဒ်(၃)ဂိုးစီသရေကျခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းနဲ့ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ မာဆေးလ်အသင်း နဲ့တွေ့ဆုံခဲ့တဲ့ ဘီဘာအိုအသင်းဟာလည်း အိမ်ကွင်း၊အဝေးကွင်း(၂)ကျော့ပေါင်းရလဒ် (၅)ဂိုး၊(၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး (၁၆)သင်းအဆင့်မှာပဲ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကို အာဆင်နယ်၊ အက် သလက်တီကိုမက်ဒရစ်၊ လာဇီယို၊လိုက်ပ်ဇစ်နဲ့ မာဆေးလ်အသင်းတို့အပြင် စပို့တင်းလစ်္စဘွန်း၊ ရက်ဘူးလ်ဆဲလ် ဘတ်နဲ့ ဃှုဗ မော်စကိုအသင်းတို့လည်း တက်ရောက်နိုင်ခဲ့ကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာကျင်းပ မယ့်ယူရိုပါလိဂ်ကွာတားဖိုင်နယ်မဲခွဲပွဲကို ယနေ့မတ်လ(၁၆)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၆)နာရီခွဲအချိန်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
 
 

Related News