ဆောက်သမ်တန်အသင်းဟာ ရလဒ်ဆိုးရွားမှုတွေကြောင့် ပယ်လီဂရီနိုကိုနည်းပြရာထူးက နေထုတ်ပယ်ခဲ့ပြီးနောက်မှာ စတုတ်စီးတီးအသင်းရဲ့နည်းပြဟောင်း မာ့ဟုခ်ျကို နည်းပြ အဖြစ်ခန့်အပ်ခဲ့တယ်လို့သိရပါတယ်။
ဆောက်သမ်တန်အသင်းဟာ အသင်းရဲ့ရလဒ်ဆိုးရွားမှုတွေကိုပြန်လည်တည့်မတ်နိုင်ဖို့အတွက် စတုတ်စီးတီးအသင်းနည်းပြဟောင်းမာ့ဟုခ်ျကို ရာသီကုန်အထိ ကာလတိုစာချုပ်နဲ့ နည်းပြ အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ နည်းပြဟောင်း ပယ်လီဂရီနို လက်ထက်မှာ ရလဒ်ပိုင်းဆိုးရွားခဲ့ပြီး၊ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ် (၁၇) ပွဲမှာတစ်ပွဲသာနိုင်ပွဲရရှိခဲ့ပြီး၊ အဆင့်ရပ်တည်မှုမှာ လည်း တန်းဆင်းဇုန်ရဲ့အထက်အဆင့် (၁၇) နေရာမှာ ရမှတ် (၁) မှတ်အကွာနဲ့ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဆောက်သမ်တန် အသင်းဟာ ပြီးခဲ့တဲ့မတ်လ (၁၂) ရက်နေ့က နည်းပြဟောင်းပယ်လီဂရီနိုကို နည်းပြရာထူး ကနေထုတ်ပယ်ခဲ့ပြီး၊ (၃)ရက်အကြာမှာ စတုတ်စီးတီးအသင်းနည်းပြဟောင်းမာ့ဟုခ်ျကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းအနေနဲ့ နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တဲ့ နည်းပြမာ့ဟုခ်ျ အနေနဲ့လည်း ကာလရှည်ကြာကိုင်တွယ်ခဲ့တဲ့ စတုတ်စီးတီး အသင်းရဲ့နည်းပြ ရာထူးကနေ (၂၀၁၈) ဇန်န၀ါရီလအတွင်းမှာထုတ်ပယ်ခံထားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆောက်သမ်တန်အသင်းနည်းပြသစ်မာ့ဟုခ်ျဟာ နည်းပြဘ၀မှာ အသင်းအတော်များများ ကိုကိုင်တွယ်ခဲ့ဖူးပြီး၊ ပရီးမီးယားလိဂ်မှာ နည်းပြဘ၀နဲ့ နှစ်ပေါင်း (၁၄) နှစ်ကြာဖြတ်သန်း ခဲ့ဖူးတာ ဖြစ်ပါတယ်။ နည်းပြသစ်မာ့ဟုခ်ျအနေနဲ့ဆောက်သမ်တန်အသင်းကို တန်းဆင်းဇုန်နဲ့ ရမှတ်များစွာကွာဟသွားဖို့အတွက် အဓိက ပစ်မှတ်ထားစွမ်းဆောင်ပေးရမှာဖြစ်ပြီး၊ လာမယ့် ၀ီဂန်အသင်းနဲ့FAဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ အသင်းကိုစတင် ကိုင်တွယ် ရမှာဖြစ်ပါတယ်။ 

 

 

 

Related News