ဆီဗီလားအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေများစွာ ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာတော့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့ရပြီး နှစ်(၆၀)အကြာမှ ကွာတားဖိုင်နယ်အဆင့်ကို ပြန်လည်တက် ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဆီဗီးလားအသင်းဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာအကောင်းဆုံးစွမ်းဆောင်ပြနေပြီး (၁၆)သင်းအဆင့် မှာ မန်ယူအသင်းကိုကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ပွဲစဉ်မှာ ဆီဗီးလားအသင်းဟာ မန်ယူအသင်းကို (၂)ကျော့ပေါင်းရလဒ် (၂)ဂိုး၊(၁)ဂိုးနဲ့အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဆီဗီးလားအသင်းအနေနဲ့ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းဟာ နှစ်ပေါင်း(၆၀)အကြာမှ ကွာတားဖိုင်နယ်အဆင့်ကို တစ်ကျော့ပြန် လည်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဆင့်၊ (၁၆)သင်းအဆင့်တွေမှာပဲ ထွက်ခွာရလေ့ရှိတဲ့ ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်ကို (၁၉၅၇-၁၉၅၈) ဘောလုံးရာသီက နောက်ဆုံးတက်ရောက်နိုင်ခဲ့ပြီး အဆိုပါဘောလုံးရာသီနောက်ပိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ ရာသီတွေမှာ (၁၆)သင်းအဆင့်အထိသာ အမြင့်ဆုံးတက်ရောက် နိုင်ခဲ့ပါတယ်။

ဆီဗီးလားအသင်းဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ လည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး အုပ်စု(E)မှာ လီဗာပူးလ်အသင်းရဲ့နောက်ဒုတိယနေရာနဲ့ (၁၆)သင်းအ ဆင့်ကိုတက်ရောက်လာ နိုင်ခဲ့တာဖြစ်ပါတယ်။ ယခု(၁၆)သင်းအဆင့်မှာလည်း ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့မန်ယူ အသင်းကို ကျော်ဖြတ်ပြီးကွာတား ဖိုင်နယ်အဆင့် ကိုတက်ရောက်နိုင်ခဲ့တာကြောင့် ဆီဗီးလား အသင်းရဲ့လက်ရှိဥရောပစွမ်းဆောင်ရည်ဟာ အားရစရာကောင်းနေခဲ့ပါတယ်။ ဆီဗီးလားအသင်းရဲ့အောင်မြင်မှု ဟာ ချန်ပီယံလိဂ်မှာ မှေးမှိန်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာတော့ အောင်မြင်မှုအများအပြားရရှိခဲ့ပြီး ချန်ပီယံဆု(၅)ကြိမ် နဲ့ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ 

 

 

  

Related News