မော်ရင်ညိုဟာ မန်ယူအသင်းကိုကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီ(၂)ရာသီအတွင်း ငွေကြေး အများအပြား အသုံးပြုခဲ့ပေမယ့်လည်း ယခုနှစ်ဘောလုံးရာသီမှာ မျှော်မှန်းထားသလောက် ဖြစ်မလာခဲ့ဘူးလို့ သိရပါတယ်။ နည်းပြမော်ရင်ညိုဟာ မန်ယူအသင်းနည်းပြဘ၀အစ ပထမဦးဆုံးရာသီမှာ ယူရိုပါလိဂ်ဖလားအပါအ၀င် ဆုဖလား (၃) လုံးအထိရယူပေးနိုင်ခဲ့ပေမယ့် ယခုနှစ်ဒုတိယမြောက်ရာသီမှာတော့ FA  ဖလားပြိုင်ပွဲသာ ပစ်မှတ် ထားရတော့မှာဖြစ်ပါတယ်။ မော်ရင်ညိုရဲ့မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို (၁၆) သင်းအဆင့်မှာ ဆီးဗီး လားအသင်းကို (၂) ကျော့ပေါင်းရလဒ် (၂) ဂိုး၊ (၁) ဂိုးနဲ့ရှုံးနိမ့်ကာထွက်ခွာခဲ့ရသလို လိဂ်ဖလားပြိုင်ပွဲမှာလည်း ပဉ္စမအဆင့်မှာပဲ ဘရစ်္စတိုးအသင်းကို အဝေးကွင်းမှာ (၂) ဂိုး၊ (၁) ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ရမှတ်အတော်လေးကွာဟသွားခဲ့တာကြောင့် မော်ရင်ညိုရဲ့ယခု နှစ်ဘောလုံးရာသီအတွက်မျှော်လင့်ချက်ဟာ FA  ဖလားပြိုင်ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ နည်းပြမော်ရင် ညိုအနေနဲ့ မန်ယူအသင်းကိုကိုင်တွယ်ခဲ့တဲ့ (၂) ရာသီအတွင်းမှာ ငွေကြေးအမြောက်အများအသုံးပြုကာအသင်းကိုပြန်လည်တည်ဆောက်ခဲ့ပြီး မန်ယူအသင်းမှာ မော်ရင်ညိုအသုံးပြုခဲ့တဲ့ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း (၃၅၀) ခန့်ရှိခဲ့ပါတယ်။ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေကို ကိုင်တွယ်ခဲ့စဉ်က ဒုတိယမြောက်ရာသီဟာ သူ့အတွက်ဆုဖလားအောင်မြင်မှုတွေပိုမိုရယူနိုင်ခဲ့တဲ့ ရာသီဖြစ်ခဲ့ပေမယ့် မန်ယူအ သင်းနဲ့ ဒုတိယမြောက်ရာသီမှာတော့ ထင်သလောက်စွမ်းဆောင်ပြနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ မန်ယူအသင်းဟာFAဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မတ်လ (၁၈) ရက်နေ့မှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

 

Related News