အာဆင်နယ်အသင်းဂိုးသမားပီတာချက်ဇ်ဟာ ၀က်ဖို့ဒ်အသင်းကို (၃)ဂိုး၊ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၃၀)မှာ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ ပွဲစဉ်အများဆုံးစံချိန်ကို ရယူနိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းဂိုးသမားပီတာချက်ဇ်ဟာ ၀က်ဖို့ဒ်အသင်းကို (၃)ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြိုင် ဘက်အသင်း တိုက်စစ်မှူးဒီနေးရဲ့ ပင်နယ်တီကန်သွင်းမှုကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးမပေးရတဲ့ပွဲစဉ်အများဆုံးဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ ပင်နယ်တီကာကွယ် နိုင်ခဲ့ပြီး ဃူနညှေ့နနအ ရယူနိုင်ခဲ့တဲ့ ပီတာချက်ဟာ ကစားသမားဘ၀တစ်လျှောက် ပရီးမီးယားလိဂ်မှာ ပွဲ(၂၀၀)ထိ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပီတာချက်အနေနဲ့ Clean Sheet ပွဲ(၂၀၀)ကို အသင်း ဟောင်းချဲလ်ဆီးအသင်း၊ လက်ရှိအာဆင်နယ်အသင်းတို့နဲ့ ရယူနိုင်ခဲ့တာဖြစ်ပြီး အဆိုပါလန်ဒန်ကလပ်(၂)သင်း နဲ့ ပရီးမီးယားလိဂ်(၄၃၂)ပွဲ ပါဝင်ကစားခဲ့ရာမှာ Clean Sheet ပွဲ(၂၀၀) ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၃၃)ပွဲကစားခဲ့ရာမှာ ဃူနညှေ့နနအ (၁၆၂)ပွဲအထိရယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၉၈)ပွဲပါဝင်ကစားခဲ့ရာမှာ Clean Sheet (၃၈)ပွဲရယူနိုင်ခဲ့ပါတယ်။

ပီတာချက်အတွက်ယခု ပင်နယ်တီကာကွယ်နိုင်မှုဟာ အာဆင်နယ်အသင်းအတွက် ပထမဦးဆုံးပင်နယ်တီကာ ကွယ်မှုဖြစ်ခဲ့ပြီး (၂၀၁၁)ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဦးဆုံးအကြိမ်ပင်နယ်တီကာကွယ်မှုလည်း ဖြစ်ခဲ့ ပါတယ်။ ပီတာချက်ဟာ Clean Sheet အကြိမ်(၂၀၀)နဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးမပေးခဲ့ရတဲ့ပွဲစဉ် အများဆုံးဂိုး သမားဖြစ်လာခဲ့ပြီး သူရဲ့နောက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ၀ါရင့်ဂိုးသမားဟောင်းတွေဖြစ်ကြတဲ့ ဒေးဗစ်ဂျိမ်းက Clean Sheet (၁၆၉)ပွဲ၊ ရှဝါဇာက Clean Sheet (၁၅၁)ပွဲသာ ရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

 

 

 

Related News