ယူရိုပါလိဂ်(၁၆)သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားအပြီးမှာတော့ ဥရောပအသင်းကြီးအများစု နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ကြပါတယ်။ ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေမှာ ဥရောပနာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ အာ ဆင်နယ်၊ အက်သလက်တီကိုမက်ဒရစ်၊ လိုက်ပ်ဇစ်၊ လိုင်ယွန်နဲ့ မာဆေးလ်အသင်းတို့ဟာ နိုင်ပွဲရရှိခဲ့ကြပါတယ်။

အခြားနာမည်ကြီးအသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကတော့ အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပြီး လာဇီယိုအသင်းဟာ လည်းအိမ်ကွင်းမှာ သရေရလဒ်သာရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အေစီမီလန်အသင်းနဲ့ ယူရိုပါလိဂ်(၁၆)သင်းအဆင့်ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ (၂)ဂိုး၊ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကိုတက် ရောက်နိုင်ဖို့အတွက် ရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်အက်သလက်တီကိုမက်ဒရစ်အသင်းဟာလည်း အိမ်ကွင်း ပွဲစဉ်မှာ လိုကိုမိုတစ်မော်စကိုအသင်းကို (၃)ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး လိုက်ပ်ဇစ်အသင်းဟာလည်း အိမ်ကွင်းမှာ ဇင်းနစ်အသင်းကို (၂)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လိုင်ယွန်အသင်းကတော့ CSKA မော်စကိုအသင်းကို အ ဝေးကွင်းမှာ (၁)ဂိုး၊ဂိုးမရှိဖြင့် နိုင်ပွဲရယူနိုင်ခဲ့ပြီး မာဆေးလ်အသင်းဟာလည်း ဘီဘာအိုအသင်းကို အိမ်ကွင်းမှာ (၃)ဂိုး၊(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ရက်ဘူးလ်ဆဲလ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစား ခဲ့တဲ့ ယူရိုပါလိဂ်(၁၆)သင်းရှုံးထွက်အဆင့် ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ မထင်မှတ်ပဲ (၂)ဂိုး၊(၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လာဇီယိုအသင်းဟာလည်း ဒိုင်နမိုကိဖ်အသင်းနဲ့အိမ်ကွင်းပွဲစဉ်မှာ တစ်ဖက်(၂)ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါ တယ်။ စပို့တင်းလစ်္စဘွန်းအသင်းနဲ့ ဗစ်တိုးရီးယားပယ်ဇန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ စပိုတင်းလစ်္စဘွန်းအသင်း ကဗစ်တိုးရီးယားပယ်ဇန်အသင်းကို အိမ်ကွင်းမှာ (၂)ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

 

Related News