အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ကာရက်စကိုနဲ့ဂိုင်တန်တို့ (၂)ဦးဟာ တရုတ်စူပါလိဂ်ကို သွားရောက်ကစားတော့မှာဖြစ်ပါတယ်။အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ကာရက်စကိုနဲ့ဂိုင်တန်တို့ကို အသင်းပြောင်း ရွှေ့ခွင့်ပြုခဲ့ပြီး အဆိုပါကစားသမား(၂)ဦးဟာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ ကစားကြမှာဖြစ်ပါတယ်။

ကာရက်စကိုနဲ့ဂိုင်တန်တို့ (၂)ဦးစလုံးဟာ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒါလီယန်ယီဖန်အသင်းကို ပြောင်းရွှေ့ကစားကြ မှာဖြစ်ပြီး အတွေ့အကြုံအသစ်ရရှိဖို့အတွက် ဥရောပကိုစွန့်ခွာကာ အာရှမြေမှာစွန့်စားခန်း ဖွင့်ကြတော့မှာဖြစ်ပါတယ်။ ကစားသမား(၂)ဦးအနေနဲ့ တနင်္လာနေ့က အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့လေ့ကျင့်ရေးကွင်းကို လာရောက်ကာ အသင်းဖော်တွေကိုနှုတ်ဆက်ခဲ့ကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒါလီယန်ယီဖန် အသင်းဟာ ဂိုင်တန်အတွက်  အက်သလက်တီကိုမက်ဒရစ် အသင်းထံ ယခင်ကကမ်းလှမ်းမှု တစ်ကြိမ်ပြုလုပ်ခဲ့ဖူးကြောင်းသိရပြီး ယခု(၂)ကြိမ်မြောက် ကမ်းလှမ်းမှုမှာမှ ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် (၂)ဖက်အသင်းကြား သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။ ဂိုင်တန်ဟာ ဒါလီယန်ယီဖန်အသင်းနဲ့ (၂၀၂၀)ခုနှစ်၊ဇွန်လ အထိရှိစေမယ့်စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဂိုင်တန်အတွက် ပြောင်းရွှေ့ကြေးယူရို(၁၈)သန်းရရှိခဲ့ကြောင်း ဥရောပမီဒီယာတော်တော်များများက ဖော်ပြ ခဲ့ကြပါတယ်။

ဒါလီယန်ယီဖန်အသင်းအနေနဲ့ ကာရက်စကိုအတွက်လည်း ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ပေးချေခဲ့ပြီး (၂)ဦးပေါင်းပြောင်းရွှေ့ကြေးယူရို(၄၈)သန်းအသုံးပြုခဲ့ရပါတယ်။ ကာရက်စကိုရဲ့တရုတ် စူပါလိဂ်ကိုပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ချက်ဟာ အများကအံ့အား သင့်ဖွယ်ဖြစ်ခဲ့ပြီး အသက်(၂၄)နှစ်အရွယ်သာရှိသေးတဲ့ ကာရက်စကိုအနေနဲ့ သူ့ကိုခေါ် ယူဖို့စိတ်ဝင်စားနေတဲ့ ဥရောပကလပ်အသင်းတွေအစား တရုတ်စူပါလိဂ် ကလပ်အသင်း ကိုရွေးချယ်ခဲ့တာဟာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ 

 

 

Related News