အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေဆိုးဝါးနေတာကြောင့် အသင်းတာဝန်ရှိသူတွေ အနေနဲ့ နည်းပြအာစင်ဝင်းဂါးကို ရာသီကုန်မှာ ရာထူးမှထုတ်ပယ်ဖို့ရှိနေကြောင်း ပြည်ပမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ နိုင်ငံတကာအားကစားသတင်အယ်ဒီတာက တင်ဆက်ပေးမှာ ဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ်မှာ ရလဒ်ကောင်းမွန်ခဲ့ခြင်းမရှိပဲ ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ ရလဒ်တွေဆိုးဝါးခဲ့ပြီး နိုင်ပွဲ(၂)ပွဲသာရရှိခဲ့ကာ (၃)ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာလည်း(၃)ဂိုး၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး ဆုဖလားတစ်လုံးကို အနီးကပ်ဆုံးအခြေအနေမှာပဲလက် လွှတ်ခဲ့ရပါတယ်။ ဒါကြောင့်အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ နည်းပြအာစင်ဝင်းဂါးကို ရာသီကုန်မှာရာ ထူးမှထုတ်ပယ်ဖို့စီစဉ်နေကြောင်း ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြပြီး လာမယ့်နှစ်ဘောလုံးရာသီမှာ နည်းပြအ ပြောင်းအလဲဖြစ်ပေါ်ဖို့ရှိနေပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို (၁၉၉၆-၁၉၉၇) ဘောလုံးရာသီမှစတင်ကာလက်ရှိရာသီအထိ နှစ်(၂၀)ကျော်ကိုင်တွယ်ခဲ့တဲ့ဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး ကိုင်တွယ် ခဲ့တဲ့ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား(၃)ကြိမ်၊ FA ဖလား(၇)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း(၇)ကြိမ်အထိ ရရှိ အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အာစင်ဝင်းဂါးနေရာမှာ အစားထိုးခန့်အပ်ဖွယ်ရှိနေတဲ့နည်းပြစာရင်းမှာတော့ ဂျာမနီလက်ရွေးစင်နည်းပြ ဂျိုအာဂျင်လိုး၊ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့မိုနာကိုနည်းပြ ယာဒင်တို့လို နာမည်ကြီးနည်းပြတွေပါဝင်နေပြီး အသင်းရဲ့ကစားသမားဟောင်း တစ်ဦးလည်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့လက်ထောက်နည်းပြအာတီတာလည်း ပါဝင်နေကြောင်း ပြည်ပမီဒီယာ တွေကဖော်ပြခဲ့ပါတယ်။ 

 

 

Related News