ပြုံချမ်းအိုလံပစ်အားကစားပိတ်ပွဲမတိုင်မီ မြောက်ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီဒုဥက္ကဋ္ဌကင်ယောင်ချောဦးဆောင်တဲ့မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲနဲ့ တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်တို့ ဖေဖော်ဝါရီလ(၂၆)ရက်မှာ တွေ့ဆုံခဲ့ပါ တယ်။ ကိုရီးယား(၂)နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ ကိုရီးယားကျွန်းဆွယ်အရေးတွေကိုဖြေရှင်းနိုင်ဖို့ အမေရိကန်နိုင်ငံနဲ့ဆွေးနွေးမှုတွေ အမြန်ဆုံးပြုလုပ်ဖို့ မြောက်ကိုရီးယားကို သမ္မတမွန်းက တိုက်တွန်းခဲ့တယ်လို့  သတင်းဖော်ပြပါတယ်။ အမေရိကန်နဲ့ဆွေးနွေးမှု တွေပြုလုပ်လိုပြီး မြောက်ကိုရီးယားနဲ့အမေရိကန်ဆက်ဆံရေးတိုးတက်လာသလို တောင်ကိုရီး ယားနဲ့လည်းဆက်ဆံရေးတိုးတက်စေမှာဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်ကတုံ့ပြန်ခဲ့တယ်ဆိုပြီး တောင်ကိုရီးယားသမ္မတအိမ်တော်က သတင်းထုတ်ပြန်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်ရဲ့ အခြေအနေနဲ့ မြောက်ကိုရီးယားနျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် သမ္မတမွန်းဟာ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နဲ့ ထဲထဲဝင်ဝင်ဆွေးနွေးခဲ့ပါတယ်။ ကိုရီးယား(၂)နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ကလိုလားနေတယ်ဆိုပြီး မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကပြောပါတယ်။ ဆွေးနွေးမှုအပြီးကျင်းပတဲ့ ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပိတ်ပွဲကို မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သလို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်လည်း တက်ရောက်ခဲ့ပါတယ်။

 

 

Related News