။မန်ယူအသင်း၏ လက်ရွေးစင်တိုက်စစ်မှူးဆန်းချက်ဇ်သည် စပိန်နိုင်ငံတွင် ကစားခဲ့စဉ်တစ်လျှောက် အခွန်ရှောင်တိမ်းမှုအတွက် ဆိုင်းငံ့ထောင်ဒဏ် (၁၆) လနှင့် ဒဏ်ငွေပေးဆောင်ရန် သဘောတူလက်ခံလိုက်ရကြောင်းသိရသည်။

ဘာစီလိုနာအသင်းနှင့်အတူကစားခဲ့သည့် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်းပုံရိပ်အသုံးပြုခအတွက် ၀င်ငွေ ယူရို (၉၈၃၀၀၀) ပေးဆောင်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်ဟုစပိန်အစိုးရရှေ့နေများကဆိုသည်။ ဆန်းချက်ဇ်အနေဖြင့် ပေးဆောင်ရမည့်အခွန်ပမာဏအပြင် ထပ်ဆောင်းငွေကိုပါ ပေးဆောင်ပြီးဖြစ်သော်လည်းတရားရုံးဘက်ကထောင်ဒဏ် (၁၆) လနှင့် ဒဏ်ကြေးငွေအဖြစ် ယူရို (၅၉၀၁၆၅) ပေးဆောင်ရန် ဆုံးဖြတ်ချက်အပေါ်တွင်လည်းဆန်းချက်ဇ်ဘက်ကသဘောတူညီလက်ခံခဲ့သည်။

စပိန်နိုင်ငံ၏ ပြဋ္ဌာန်းထားသည့်ဥပဒေအရပထမဦးဆုံးအကြိမ်ဖြစ်ပွားသည့် အမှုအတွက် (ရာဇ၀တ်မှုမှအပ) ထောင်ဒဏ် (၂) နှစ်အောက်သာချမှတ်ခံရပါကဆိုင်းငံ့အဖြစ် သတ်မှတ်လေ့ရှိရာဆန်းချက်ဇ်အနေ ဖြင့် ဒဏ်ငွေသာပေးဆောင်ရမည်ဖြစ်သည်။ ဆန်းချက်ဇ်သည် အခွန်ပြဿနာကြုံတွေ့ရသည့် ပဉ္စမမြောက်ဘာစီလိုနာကစားသမားဖြစ်ပြီးရီးရဲလ်မက်ဒရစ်မှ ကစားသမားများသည်လည်းအလားတူပြဿနာများရင်ဆိုင်နေရကြောင်းသိရှိရသည်။ 

 

 

Related News