နယူးကာဆယ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်ယူအသင်းရဲ့ကစားသမားတွေကြားမှာ အတွင်း ရေးပြဿနာတွေဖြစ်ပေါ်နေတယ်လို့ ပြည်ပသတင်းမီဒီယာတွေကဖော်ပြခဲ့ကြပြီး၊ လက်ရှိမှာဖြစ်ပေါ်နေခဲ့တဲ့ 
ကစားသမားတွေကြားပြဿနာတွေကို အသင်းနည်းပြမော်ရင်ညိုအနေနဲ့ အလျင်အမြန်ဖြေရှင်းပေးသွားရဖွယ် ရှိနေတယ်လို့သိရပါတယ်။မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ 
အာဆင်နယ်အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်ကိုခေါ်ယူခဲ့ရာမှာ ပြောင်းရွှေ့ကြေးပေးချေခဲ့ရခြင်းမရှိပေမယ့်လည်း အသင်းသမိုင်းတစ်လျှောက်အမြင့်မားဆုံးလစာပေးကာခေါ်ယူခဲ့တာဖြစ်ပါတယ်။ 
 
ဆန်းချက်ဇ်ဟာ မန်ယူအသင်းကိုစတင်ရောက်ရှိလာချိန်မှာ အသင်းဖော်သစ်တွေနဲ့ ပြဿနာတစ်စုံတစ်ရာမရှိပေမယ့်လည်း နောက်ပိုင်းမှာတော့အသင်းကြားအတွင်းရေး ပြဿနာတွေဖြစ်ပေါ်နေခဲ့တာဟာ 
ဆန်းချက်ဇ်ကိုဦးတည်နေတယ်လို့ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ဆန်းချက်ဇ် ဟာ မန်ယူအသင်းမှာမြင့်မားတဲ့လစာရရှိခဲ့တာကြောင့် အသင်းရဲ့ဝန်ထမ်းအများစုဟာ သူတို့ကိုလည်းလစာတိုး 
မြင့်ပေးဖို့အတွက်တောင်းဆိုခဲ့ကြသလို၊ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ပေါ့ဘာဟာလည်း လက်ရှိထက်မြင့်မား တဲ့လစာတစ်ရပ်ကိုတိုးမြင့်ပေးဖို့အတွက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။
 
နယူးကာဆယ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် မှာ ဆန်းချက်ဇ်ဟာပင်ကိုယ်ကစားကွက်အရ ဘောလုံးကိုကိုင်ကစားတဲ့ပုံစံအတိုင်းကစားခဲ့ပေမယ့်လည်း ကွင်း လယ်ဖန်တီးရှင်ပေါ့ဘာရဲ့အခန်းကဏ္ဍဟာ မှေးမှိန်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ပွဲကစားချိန် (၆၄) မိနစ်အ ရောက်မှာလည်း နည်းစနစ်ပိုင်းအရပေါ့ဘာကိုလည်း ၀ါရင့်ကွင်းလယ်လူကာရစ်ကိုလူစားလဲခဲ့သေးတာဖြစ်ပါ တယ်။ ပေါ့ဘာအနေနဲ့လူစားလဲခြင်းခံခဲ့ရတာကြောင့် မကျေနပ်တဲ့အမူအရာတွေပြသနေခဲ့သလို၊ အသင်းရဲ့ တိုက်စစ်ပိုင်းဟာလည်း ဆန်းချက်ဇ်ရဲ့ကစားကွက်နဲ့အံမ၀င်တဲ့အနေအထားတွေဖြစ်ပေါ်လာခဲ့ပါတယ်။
 
ဆန်း ချက်ဇ်မတိုင်မီ မန်ယူအသင်းရဲ့ကစားပုံဟာ ကွင်းလယ်ဖန်တီးရှင်ပေါ့ဘာဆီကဘောလုံးစထွက်ပြီး၊ တိုက်စစ် မှူးလူကာကူဆီကိုရောက်အောင်ပေးပို့တဲ့စနစ်နဲ့ကစားခဲ့ပေမယ့်လည်း ဆန်းချက်ဇ်ရောက်ရှိလာချိန်မှာတော့ အသင်းရဲ့တိုက်စစ်ပိုင်းကစားပုံဟာ ယခင်ကနဲ့မတူညီကွဲပြားမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူ အသင်းကိုရောက်ရှိလာချိန်မှာ အက်ဖ်အေဖလားပြိုင်ပွဲအပါအ၀င် ပွဲစဉ် (၄) ပွဲပါဝင်ကစားထားရာမှာ (၂) ပွဲနိုင်၊ (၂) ပွဲရှုံးနိမ့်ခဲ့ပြီး၊ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် (၂) ပွဲစလုံးမှာ မန်ယူအသင်းဟာဂိုးပေါက်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ 
 
ဆန်း ချက်ဇ်ဟာ အာဆင်နယ်အသင်းမှာကစားခဲ့စဉ်ကတည်းက ဘောလုံးကိုခြေထဲမှာထားပြီး၊ စိတ်ကြိုက်ကစား ကွက်ကိုပုံဖော်နေပေမယ့်လည်း အသင်းသစ်မှာ အသင်းဖော်တွေနဲ့အံဝင်နိုင်ဖို့အတွက် 
လိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။
 
 
 
 

Related News