ဘာစီလိုနာအသင်းနဲ့ ဆီဗီလားအသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို အက် သလက်တီကိုမက်ဒရစ်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ မက်ထရိုပိုလီတာနိုကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ဆီဗီးလားအသင်းတို့ရဲ့ (၂၀၁၈)ခုနှစ်၊စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို မက်ဒရစ်မြို့ မှာရှိတဲ့မက်ထရိုပိုလီတာနိုကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို ဧပြီလ(၂၁)ရက်နေ့မှာက စားမှာဖြစ်ပြီး (၂၀၁၉)ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုလည်း မက်ထရိုပိုလီတာနိုကွင်းမှာပဲ ကျင်းပမှာဖြစ် ပါတယ်။
 
မက်ထရိုပိုလီတာနိုကွင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အိမ်ကွင်းသစ်ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်၊စက်တင်ဘာလ(၁၇)ရက်နေ့က လာလီဂါပွဲစဉ်(၄)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ မာလာဂါအသင်းတို့ရဲ့ပွဲစဉ်မှာ အခမ်းအနားနဲ့တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ ပရိသတ်ဦးရေ(၆) သောင်း(၇)ထောင်ဆန့်တဲ့ကွင်းဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဆီဗီးလားအသင်းတို့ဟာ စပိန်ဘုရင့်ဖလားဗိုလ်လု ပွဲအတွက် တစ်သင်းကို လက်မှတ်စောင်ရေ(၂)သောင်း(၂)ထောင်စီ ခွဲတမ်းနဲ့ရရှိမှာဖြစ်ပါတယ်။
 
အက်သလက် တီကိုမက်ဒရစ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ သူတို့ရဲ့အိမ်ကွင်းသစ်မှာ (၂၀၁၉)ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဗိုလ်လု ပွဲမကျင်းပမီ ဗိုလ်လုပွဲတစ်ပွဲစမ်းသပ်ကျင်းပလိုတာကြောင့် ယခုလို(၂၀၁၈)ခုနှစ်၊ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ကျင်းပဖို့ ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အိမ်ကွင်းသစ်ဖြစ်တဲ့မက် ထရိုပိုလီတာနိုကွင်းမှာ လာလီဂါပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပြီး လာလီဂါအိမ်ကွင်းပွဲစဉ်(၁၁)ပွဲကစား ထားရာမှာ (၇)ပွဲနိုင်၊(၄)ပွဲသရေနဲ့ ရှုံးပွဲမရှိစံချိန်ရရှိထားခဲ့ပါတယ်။
 
 
 
 

Related News