ပရီးမီးယားလိဂ်ပြိုင်ပွဲ တာဝန်ရှိသူတွေဟာ လာမယ့် (၂၀၁၉-၂၀)ရာသီက စတင်ပြီး ဆောင်းရာသီ နားရက် သတ်မှတ်ပေးနိုင်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လက်ရှိ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုထဲမှာ ဆောင်းရာသီ နားရက်မပေးတဲ့ တစ်ခုထဲသော ပြိုင်ပွဲဖြစ်ပြီး ဆောင်းခိုရက်ပေးဖို့ နည်းပြတွေ၊ ကစားသမားတွေက အစဉ်တစိုက်တောင်းဆိုခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကတော့ ဆောင်းရာသီနားရက်ဟာ ပရိသတ်တွေကို အဓိကစွဲဆောင်မှု ဖြစ်တာကြောင့် အစဉ်အဆက် ထည့်သွင်းခဲ့ပြီး တခြားလိဂ်ပြိုင်ပွဲတွေနဲ့ မတူတဲ့ မူတစ်ခုကို ဖော်ဆောင်ခဲ့တာဖြစ် ပါတယ်။
 
ဒါပေမဲ့ လက်ရှိမှာ ဆောင်းရာသီနားရက် ပေးဖို့တောင်းဆိုမှုတွေများလာတဲ့အပြင် ကစားသမားတွေ ပွဲပန်းမှုကြောင့် လက်ရွေးစင်အသင်း အောင်မြင်မှုကိုထိခိုက်တယ်လို့ သုံးသပ်မှုတွေထွက်ပေါ်လာခဲ့ပြီး ဆောင်းခို ရက်ပေးဖို့ ကိစ္စကို ပြန်လည်စဉ်းစားလာကြပါတယ်။ဒါ့ကြောင့်(၂၀၁၉)ခုနှစ်ကနေ (၂၀၂၂)ခုနှစ်သက်တမ်းရှိမယ့် ရုပ်သံစာချုပ်သစ်မှာ ဆောင်းခိုရက်ထည့်သွင်းမယ့် ကိစ္စကိုစဉ်းစားထားဖို့ ရုပ်သံကုမ္မဏီတွေကို ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက အသိပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင်လိဂ်ပြိုင်ပွဲမှ တာဝန်ရှိသူတွေနဲ့ ရုပ်သံကုမ္မဏီ တွေကြားမှာ ဆွေးနွေးမှုတွေဆက်လုပ်နေပြီး (၂၀၁၉)ခုနှစ်ကစတင်ပြီး ဆောင်းခိုရက်ပါဝင်လာဖို့ရှိနေတယ်လို့
သိရပါတယ်။
 
ပရီးမီးယားလိဂ်ရဲ့ လက်ရှိရုပ်သံစာချုပ်သစ်မှ ၀င်ငွေဟာ ပေါင်(၅.၁၄)ဘီလီယံထိရှိပြီး (၂၀၁၉)ခု နှစ်မှ (၂၀၂၂)ခုနှစ်ထိစာချုပ်သစ်မှ ယခုထက်ပိုမိုများပြားလာဖို့ရှိနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ ချုပ်ဟာ ဆောင်းရာသီ နားရက်ပေးဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၊ အင်္ဂလန်မှာရှိတဲ့ တခြားလိဂ်ပြိုင် ပွဲတွေနဲ့ ညှိနှိုင်းနေပြီး ဆောင်းခိုရက်ပါတဲ့ ဘောလုံးပြက္ခဒိန်အတွက် လွန်ခဲ့တဲ့လတွေထဲက ဆွေးနွေးနေကြပါ တယ်။ ဆောင်းခိုရက်ပေးမယ့် အစီအစဉ်ကိုတော့ နည်းပြတွေက ထောက်ခံနေပြီး ဆောင်းရာသီ နားရက်မပေးမှုဟာကစားသမားတွေကို သတ်သလိုဖြစ်နေတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝေဖန်ထားပါတယ်။ 
 
 
 
 

Related News