အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီ လာလီဂါအမှတ်ပေးပြိုင်ပွဲမှာ ပင်နယ် တီကန်သွင်းခွင့်တစ်ကြိမ်မှ မရရှိသေးတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ 
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ ပင်နယ်တီလုံးဝမရ ရှိသေးတဲ့အသင်းဖြစ်ပြီး လာလီဂါသွင်းဂိုးတွေမှာ ပင်နယ်တီသွင်းဂိုးတစ်ဂိုးမှ ပါဝင်ခြင်းမရှိတာဖြစ်ပါတယ်။ အက် 
သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ယခုနှစ်(၂၀၁၇-၂၀၁၈) ဘောလုံးရာသီမှာ လာလီဂါသွင်းဂိုး(၃၃)ဂိုးသာ ရရှိထားတာဖြစ်ပြီး လာလီဂါအသင်းကြီး တွေထဲမှာ သွင်းဂိုးအနည်းဆုံးအသင်းအဖြစ်လည်း 
ရပ်တည်နေပါတယ်။
 
အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ ကစားသမားတွေအနေနဲ့ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာအတွင်းမှာ မကြာခဏ ပြစ်ဒဏ်ကျူးလွန် ခံနေရပေမယ့် ပင်နယ်တီကန်သွင်းခွင့် 
လုံးဝမရရှိခဲ့တာဖြစ်ပါတယ်။ အသင်းနည်းပြ ဆီမြွန်နီဟာလည်း ပင်နယ်တီကန်သွင်းဂိုးမရရှိခြင်းအပေါ် ညည်းတွားနေခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းဟာ သွင်းဂိုးတစ်ဂိုးရရှိဖို့ကိုလည်း 
အတော်လေးရုန်းကန်နေရတာ ဖြစ်ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ တဲ့လာလီဂါပွဲစဉ်(၅)ပွဲမှာ (၅)ပွဲစလုံးအနိုင်ရရှိခဲ့ပေမယ့် အဆိုပါပွဲစဉ်(၅)ပွဲမှာ သွင်းဂိုး(၈)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ 
တခြားလာလီဂါပြိုင်ဘက်အသင်းတွေကတော့ ယခုနှစ် ဘောလုံးရာသီ ပင်နယ်တီကန်သွင်းခွင့်တွေရရှိခဲ့ ကြပြီး ပင်နယ်တီသွင်းဂိုးတွေကို အသီးသီးရယူနိုင်ခဲ့ ကြပါတယ်။
 
လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးက အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ ပြိုင်ဘက် အသင်းတွေဟာ ပင်နယ်တီကန်သွင်းခွင့်များစွာရရှိခဲ့ပြီး အမှတ်ဇယား အဆင့်(၁)နေရာမှ ဘာစီလိုနာအသင်းက ပင်နယ်တီ(၄)ကြိမ်၊ အမှတ်ပေးဇယားအဆင့်(၃)နေရာမှ ဗလင်စီယာ အသင်းက ပင်နယ်တီ(၅)ကြိမ်နဲ့ အဆင့်(၄)နေရာမှ ရီးယဲလ်မက်ဒရစ်အသင်းက ပင်နယ်တီ(၄)ကြိမ်အထိရရှိခဲ့ ကြပါတယ်။ ကျန်တဲ့လာလီဂါအသင်းတွေဟာလည်း ပင်နယ်တီကန်သွင်းခွင့် အသီးသီးရရှိခဲ့ကြပြီး ဘီဘာအိုအ သင်းက ပင်နယ်တီကန်သွင်းခွင့်(၆)ကြိမ်နဲ့ အများဆုံးရရှိခဲ့ကာ ဆီဗီလာ၊လီဗန်တေးနဲ့ ဗီလာရီးယဲလ်အသင်းတို့ဟာလည်း ပင်နယ်တီ(၄)ကြိမ်အထိ ရရှိခဲ့ကြတာဖြစ်ပါတယ်။ 
 
ဂီတာဖေးအသင်းကလည်း လာလီဂါမှာ ပင်နယ် တီ(၃)ကြိမ်အထိရရှိခဲ့ကာ ဂျီရိုနာနဲ့လက်စ်ပါးမက်စ် အသင်းတို့က(၂)ကြိမ်စီနဲ့ အက်စ်ပန်ညိုအသင်းကတစ်ကြိမ် ရရှိခဲ့ပါတယ်။ ပင်နယ်တီသွင်းဂိုး လုံးဝမရသေးတဲ့ 
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တိုက်စစ်ပိုင်းဟာ ယခင်ကလို ဂရစ်ဇ်မန်းတစ်ဦး တည်းကိုသာ အားထားနေရတာမဟုတ်ပဲ အသင်းရဲ့တိုက်စစ်မှူးဟောင်းကော်စ တာဟာလည်း 
အသင်းထံပြန်လည်ရောက်ရှိလာခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီဝက်ကာလကထက် အင်အားပိုမို တောင့်တင်းလာဖို့ရှိနေပါတယ်။
 
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လက်ရှိလာလီဂါ အမှတ်ပေးဇယားမှာ ရမှတ်(၄၉)မှတ်နဲ့ အဆင့်(၂)နေရာမှာရပ်တည်နေပြီး အဆင့်(၁)နေရာက ဘာစီလိုနာအသင်းနဲ့ ရမှတ်(၉)မှတ်အထိကွာဟနေဆဲဖြစ်ပါတယ်။
 
 
 

Related News