(၂၀၁၇)ခုနှစ်အတွက် ဥရောပအကောင်းဆုံး ကစားသမား(၁၁)ယောက်စာရင်းမှာတော့ ဥရောပထိပ် သီးအသင်းတွေမှ ကစားသမားတွေသာ ပါဝင်လာခဲ့ပြီး မနှစ်ကချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားတဲ့ ရီးယဲလ်မက် ဒရစ်အသင်းမှ ကစားသမား(၅)ဦးအထိ ရွေးချယ်ခံခဲ့ရပါတယ်။(၂၀၁၇)ခုနှစ်အတွက် ဥရောပအကောင်းဆုံး ကစားသမား(၁၁)ယောက်စာရင်းမှာ နာမည်ကြီး ကစားသမားအများစု ပါဝင်လာခဲ့ပြီး ယခင်နှစ်တွေကရွေးချယ်ခံခဲ့ရတဲ့ ကစားသမားတွေလည်း ပြန်လည်ပါဝင်လာတာ တွေ့ရပါတယ်။ ဥရောပအကောင်းဆုံး (၁၁)ယောက်အသင်းကို (၄-၃-၃)ကစားကွက်ဖြင့် ရွေးချယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်က ချန်ပီယံလိဂ်မှာဗိုလ်စွဲနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှ ကစားသမား(၅)နဲ့ အများဆုံး ပါဝင်လာခဲ့ပါတယ်။
 
ဂိုးသမားနေရာမှာ တော့ ဂျူဗင်တပ်အသင်းရဲ့ ၀ါရင့်ဂိုးသမားဘူဖွန် ရွေးချယ်ခံခဲ့ရပြီး ဘူဖွန်အနေနဲ့ ဥရောပ အကောင်းဆုံး ဂိုးသမားအဖြစ် (၂)နှစ်ဆက်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်နောက်ခံ လူနေရာ မှာ ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူမာဆယ်လိုနဲ့ ညာနောက်ခံလူနေရာမှာတော့ PSG အသင်းနောက်ခံလူ ဒန်နီအဲလ်ဗက်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဗဟိုနောက်ခံလူတွေအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူရာမို့ နဲ့ဂျူဗင်တပ်အသင်း နောက်ခံလူချီရယ်လီနီတို့ ပါဝင်လာခဲ့ပါတယ်။ ကွင်းလယ်ကစားသမား(၃)ဦးနေရာမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ တိုနီခရူးနဲ့မိုဒရစ်၊ မန်စီးတီးအသင်းကွင်းလယ် လူဒီဘရိုင်းတို့ ရွေးချယ်ခံခဲ့ရပါတယ်။
 
ရှေ့တန်းတိုက်စစ်မှူး(၃)ဦးနေရာမှာ ဥရောပအကောင်းဆုံးအသင်းမှာ နှစ် စဉ်နှစ်တိုင်း ပါဝင်နေကြကစားသမားတွေဖြစ်ကြတဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ ရီးယဲယ်မက် ဒရစ်အသင်း တိုက်စစ်မှူးစီရော်နယ်ဒိုတို့ ပြန်လည်ပါဝင်လာခဲ့သလို ချဲလ်ဆီးအသင်းတောင်ပံ ကစားသမား ဟာဇတ်လည်း ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ UEFA ဟာ တစ်နှစ်တာအကောင်းဆုံး အသင်းကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တာဖြစ်ပြီး (၂၀၁၇)ခုနှစ်အတွက် ပရိသတ်(၇)သိန်း၊ (၉)သောင်း၊(၈)ထောင် ၀င်ရောက်မဲပေးခဲ့ကြတာဖြစ်ပါ တယ်။
 
 
 

Related News