ယခုနှစ်ဘောလုံးရာသီရဲ့ အပြောင်းအရွေ့ကာလ (၂) ခုမှာ ကစားသမား(၆)ဦး ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွေ့ ကြေးများစွာသုံးစွဲထားတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ အသင်းမှကစားသမား(၈)ဦးထိပြန်လည်ရောင်းချဖို့ စီစဉ်နေပါတယ်။ဘာစီလိုနာအသင်းဟာ (၂၀၁၇)နွေဈေးကွက်အတွင်းမှာ မာလွန်ဆန်းတို့စ်၊ ဒယ်လိုဖူ၊ ဆီမီဒို၊ ပေါ်လင်ဟိုနဲ့ ဒမ်ဘီလီတို့အတွက် ပြောင်းရွေ့ကြေး ယူရို(၂၃၂)သန်းထိအသုံးပြုခဲ့ပြီး လက်ရှိ ဇန်န၀ါရီ အပြောင်းရွေ့မှာတော့ ကော်တင်ဟိုအတွက် ယူရိုသန်း(၁၆၀)ထိ အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။
 
ဘာစီလိုနာအသင်းအနေနဲ့ အဆိုပါကစား သမား(၆)ဦးကိုခေါ်ယူနိုင်ဖို့ အသုံးပြုခဲ့တဲ့ပြောင်းရွေ့ကြေးဟာ စုစုပေါင်း ယူရို(၃၉၂)သန်းထိရှိခဲ့ပေမယ့် နေမာနဲ့ တယ်လိုတို့ကို ပြန်လည်ရောင်ချခဲ့ရာမှ ယူရို(၂၂၇)သန်းပြန်လည်ရရှိခဲ့တာကြောင့်အသားတင်အသုံးပြုခဲ့တဲ့ ပြောင်းရွေ့ကြေးဟာ (၁၆၅)သန်းသာရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ အပြောင်းအရွေ့ကာလ(၂)ခုအတွင်းမှာ အသုံးပြုခဲ့ရတဲ့ အသားတင်ပြောင်း  ရွေ့ကြေးကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ကစားသမား(၈)ဦးကိုပြန်လည်ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။
 
ဘာစီလိုနာအသင်းရောင်းချဖို့စီစဉ်နေတဲ့ ကစားသမား(၈)ဦးမှာ နွေဈေးကွက်အတွင်းကခေါ်ယူခဲ့တဲ့ ဒယ်လိုဖူ၊ (၂၀၁၆-၁၇)ဘောလုံးရာသီအတွင်းကခေါ်ယူခဲ့တဲ့ အန်ဒရေဂိုးမက်စ်၊ အယ်ကာဆာနဲ့ ဒင်းနစ်ဆွာရက်တို့ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင်အသင်းရဲ့ခံစစ်ပိုင်း မှာအသက်အရွယ်ရလာခဲ့တဲ့ မာရှေယာနိုအပါအ၀င် အာဒါတူရန်၊ အဲလစ်ဗီဒယ်နဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂျို့စ်အာနိုက် တို့လည်းပါဝင်နေတာဖြစ်ပါတယ်။ 
 
 
.

Related News