မန်စီးတီးအသင်းဟာ ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရစ္စတိုးစီးတီးအသင်းနဲ့ လိဂ်ဖ လားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ တိုက်စစ်မှူးအဂူရိုရဲ့ နောက်ကျသွင်းဂိုးနဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီး ဗိုလ်လု ပွဲတက်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘရစ္စတိုးစီးတီးအသင်းရဲ့ ဦးဆောင်ဂိုးကြောင့် နောက်မှလိုက်က စားခဲ့ရပြီး တိုက်စစ်မှူးအဂူရိုရဲ့ ထပ်ဆောင်းအချိန်ပိုမှာ သွင်းယူခဲ့တဲ့အနိုင်ဂိုးနဲ့ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
 
မန်စီးတီးအသင်းနဲ့ ဘရစ္စတိုးစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် မှာဧည့်သည်ဘရစ္စတိုးစီးတီးအသင်းက ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူးဘော်ဘီရိဒ်က ပွဲကစားချိန်(၄၄) မိနစ်မှာ ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ပါတယ်။ ပြိုင်ပွဲစုံမှာ ပုံစံကောင်းကိုပြသနေတဲ့ အိမ်ရှင်မန်စီးတီးအသင်း ဟာ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ကစားကွက်ပျက်မသွားပဲ ဘရစ္စတိုးစီးတီးအသင်းကို တောက်လျှောက်ဖိ အားပေးကစားနိုင်ခဲ့ပြီး ချေပဂိုးနဲ့အနိုင်ဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
 
မန်စီးတီးအသင်းရဲ့ချေပဂိုး ကိုပွဲကစားချိန်(၅၅)မိနစ်မှာ ဒီဘရိုင်းသွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ အဂူရိုကပွဲကစားချိန်မိနစ်(၉၀)ပြည့်လို့ ထပ်ဆောင်းအချိန်ပို(၂)မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လိဂ်ဖလားပထမအကျော့အိမ် ကွင်းပွဲစဉ်မှာ (၂)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲကိုတက်ရောက်နိုင်ဖို့အတွက် အခြေအနေကောင်း သွားခဲ့တာဖြစ်ပါတယ်။ ဘရစ္စတိုးစီးတီးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်ကိုတော့ လာမယ့်ဇန်န၀ါရီလ(၂၄)ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
 
 
 

Related News