ရီးယဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီအစ လာလီဂါပွဲစဉ်တွေမှာ အတော်လေးရုန်းကန် ခဲ့ရပြီး ဂိုးသွင်းနှုန်းလည်း ပြီးခဲ့တဲ့ဘောလုံးရာသီတွေကထက် ပိုမိုကျဆင်းလာတာဖြစ်ပါတယ်။လက်ရှိလာလီဂါချန်ပီယံရီးယဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီ၊ လာလီဂါမှာတော့ ရလဒ်ပိုင်းယိမ်း ယိုင်မှုတွေရှိခဲ့ပြီး ယခုအခြေအနေဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရပ်တည်မှုနဲ့ အတော်လေးကွာခြားနေခဲ့တာဖြစ် ပါတယ်။ အသင်းရဲ့ဂိုးသွင်းနှုန်းဟာလည်း ပိုမိုကျဆင်းလာတာဖြစ်ပြီး ယခုနှစ် (၂၀၁၇-၂၀၁၈) ဘောလုံးရာသီ မှာ လာလီဂါသွင်းဂိုး (၃၂) ဂိုးသာရရှိထားတာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ လာလီဂါပွဲစဉ် (၁၇) ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ (၃၂) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့BBCတိုက်စစ်အတွဲဟာလည်း (၃)ဦးပေါင်း လာလီဂါသွင်းဂိုး (၁၀) ဂိုးသာသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
 
လိဂ်သွင်းဂိုးအများဆုံး ဥရောပကလပ်အသင်း စာရင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ သွင်းဂိုး (၃၂) ဂိုးနဲ့ အဆင့် (၂၃) နေရာမှာသာရပ်တည်နေတာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီက လာလီဂါပွဲစဉ် (၁၇) ပွဲယှဉ်ပြိုင်ကစားပြီး ချိန်မှာ (၄၆) ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ယခုနှစ်ဘောလုံးရာသီမှာတော့ သွင်းဂိုး (၃၂) ဂိုးနဲ့ ထက်ဝက်ကျော် လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ သွင်းဂိုးတွေအတွက် အသင်းရဲ့BBCတိုက်စစ် ကိုသာအဓိကမှီခိုနေရပြီး သူတို့ (၃) ဦးခြေစွမ်းပိုင်းကျဆင်းချိန်မှာတော့ ဂိုးရရှိဖို့ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ 
.
 
 

Related News