လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူကော်တင်ဟိုဟာ ဘာစီလိုနာအသင်းရဲ့ (၃၃)ယောက်မြောက်ဘရာဇီးလ်ကစားသမားဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ ကလပ်အသင်းသမိုင်းတစ်လျှောက် ဘရာဇီးလ်နာမည်ကျော်ကစားသမားတွေ ကိုခေါ်ယူခဲ့တဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာလည်း လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ကော်တင်ဟိုကို ဇန်န၀ါရီအပြောင်းအရွှေ့မှာအရခေါ်ယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ပြောင်းရွှေ့ကြေးပေါင် (၁၄၂) သန်းအထိသုံးပြုကာခေါ်ယူခဲ့ပြီး ဒုတိယမြောက်ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသ မားဖြစ်လာခဲ့ပါတယ်။
 
လက်ရှိကမ္ဘာ့တန်ဖိုးအကြီးကစားသမားဟာလည်း ကော်တင်ဟိုရဲ့ဘရာဇီးလ်လက်ရွေးစင် အသင်းဖော်နေမာဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၇) နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းမှPSGအသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း (၂၀၀) နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယမြောက်တန်ဖိုးအကြီးဆုံးကစား သမားအဖြစ် အသင်းပြောင်းရွှေ့လာခဲ့တဲ့ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် (၃၃) ယောက်မြောက်ဘရာဇီးလ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်ကစားသမား အများအပြားခေါ်ယူခဲ့ဖူးတဲ့အသင်းဖြစ်ပေမယ့် ကစားသမားအနည်းငယ်သာ အသင်းမှာအောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။
 
ကော်တင်ဟိုရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်တွေဖြစ်ကြတဲ့ နေမာနဲ့ ဒန်နီအဲဗက်စ်တို့ဟာ ဘာစီလိုနာအသင်းမှာ အောင်မြင်မှုတွေရရှိခဲ့ကြတဲ့ကစားသမားတွေဖြစ်ကြပြီး ဘောလုံးလောကရဲ့ ဖန္တ၀င်က စားသမားကြီးတွေဖြစ်ကြတဲ့ ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒိုတို့ဟာလည်း ဘာစီလိုနာအသင်းမှာကစားခဲ့တာဖြစ် ပါတယ်။ လက်ရှိဘာစီလိုနာအသင်းမှာ ကော်တင်ဟိုအပါအ၀င် ဘရာဇီးလ်ကစားသမား (၅) ဦးအထိရှိနေပြီး ပေါ်လင်ဟို၊ ရာဖင်ဟာ၊ ဒေါက်ကလပ်နဲ့ မာလွန်ဆန်းတို့စ်တို့ဖြစ်ပါတယ်။
 
 
 

Related News