လိဂ်ဖလားပြိုင်ပွဲမှာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူအသင်းဟာ ကွာတားဖိုင်နယ်အ ဆင့်မှနှုတ်ဆက်ထွက်ခွာခဲ့ရသလိုFA ဖလားပြိုင်ပွဲမှာလည်း လက်ရှိချန်ပီယံအာဆင်နယ်အသင်းဟာ တတိယအဆင့်မှနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ FA ဖလားတတိယအဆင့်ပွဲစဉ်တွေမှာပရီးမီးယားလိဂ်အသင်းကြီးအများစုဟာ နောက်တစ်ဆင့်ကိုတက် ရောက်နိုင်ခဲ့ကြပေမယ့် လက်ရှိချန်ပီယံအာဆင်နယ်အသင်းကတော့ ရှုံးပွဲကြုံတွေ့ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့FA ဖလားတတိယအဆင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ (၄)ဂိုး၊(၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
 
နည်းပြအာစင်ဝင်း ဂါးပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံထားရတာ ကြောင့် မကိုင်တွယ်နိုင်ခဲ့တဲ့အဆိုပါပွဲစဉ်မှာ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်အ သင်းအနေနဲ့ အမှားများခဲ့ပြီး ပြိုင်ဘက်အသင်းဘက်ကို ပင်နယ်တီသွင်းဂိုးတွေ ခွင့်ပြုပေးခဲ့ရအပါအ၀င်(၄)ဂိုးထိခွင့်ပြုခဲ့ရကာပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက်သွင်းဂိုးတွေကို ပွဲကစားချိန်(၂၃)မိနစ်မှာ မာတီဆက်ကာနဲ့ (၇၉)မိနစ်မှာဝဲဘတ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
 
နော်တင်ဟမ်ဖောရက်အသင်း အတွက် လီချက်တစ်ဦးတည်းက ပွဲကစားချိန်မိနစ်(၂၀)နဲ့(၄၄)မိနစ်တွေမှာ(၂)ဂိုးသွင်းယူခဲ့ပြီး ဘရီရီတန်နဲ့ ဒိုဝဲလ်တို့က(၆၄)မိနစ်နဲ့(၈၅)မိနစ်မှာ ပင်နယ်တီမှတစ်ဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနည်းတူ လိဂ်ဖလားချန်ပီယံဟောင်း မန်ယူအသင်းဟာလည်း လိဂ်ဖလားပြိုင်ပွဲရဲ့ကွာတာ ဖိုင်နယ်အဆင့်မှပဲ ထွက်ခဲ့ရတာဖြစ်ပြီး ဘရစ္စတိုးအသင်းကို(၂)ဂိုး၊ (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။FA ဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် လက်ရှိချန်ပီယံအာဆင်နယ်အသင်းက ရပ်တည်နေတာဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆုကို (၁၃)ကြိမ်အထိ ရယူထားတာဖြစ်ပါတယ်။
 
 
 

Related News