အာဆင်ဝင်းဂါးဟာ နှစ်သစ်ကူးညမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်ဘရွန်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး မှာဒိုင်လူကြီးတွေအပေါ် ပြုမူခဲ့တဲ့လုပ်ရပ်ကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်ပါတယ်။
အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့က ၀က်ဘရွန်းအသင်းနဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အပြီးမှာ ကွင်းလယ်ဒိုင်မိုက်ဒင်းကို စော်ကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာစင်ဝင်းဂါးအနေနဲ့ ပွဲပြီးခါနီးအချိန်မှာ တစ်ဖက်အသင်းကို ပင်နယ်တီပေးခဲ့တာကြောင့် မကျေမနပ်ဖြစ်ခဲ့ပြီး ပွဲအပြီးမှာ ဒိုင်တွေရဲ့ အ၀တ်လဲခန်းထဲအထိသွားကာ ရင့်သီးသောစကားလုံးတွေနဲ့ စော်ကားပြောဆိုခဲ့ပါတယ်။
 
အဆိုပါအပြုအမူကြောင့် အာစင်ဝင်းဂါးဟာ (၃)ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေပေါင်(၄၀၀၀) ချမှတ်ခံခဲ့ရပြီး ဇန်န၀ါရီလ(၇)ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် နော်တင်ဟမ်ဖောရက်အသင်းနဲ့FAဖလားတတိယအဆင့် ပွဲစဉ်ကို လွဲချော်မှာဖြစ်တဲ့အပြင် ချဲလ်ဆီးအသင်းနဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်နဲ့ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားပွဲစဉ်တွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ အာစင်ဝင်းဂါးဟာ ပွဲပြီးခါနီး(၈၉)မိနစ်မှာပင် နယ်တီမှတစ်ဆင့် ချေပဂိုးပေးလိုက်ရခြင်းအပေါ်ဒေါသထွက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကို ပြောဆိုခဲ့တာဖြစ်ပြီး ချေပဂိုးပေးလိုက်ရတဲ့ အာဆင်နယ်အသင်းဟာ နောက်ဆုံးမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
 
သူ့အနေနဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို အံအားသင့်ပြီး စိတ်လှုပ်ရှား ခဲ့တာကြောင့် ပြောဆိုမိတာ ဖြစ်ကြောင်း ပြောကြားခဲ့ကာ ကိုယ်ကျူးလွန်ခဲ့တဲ့အပြုအမူအ တွက်လည်း ပြစ်ဒဏ်ကိုကျေကျေနပ်နပ် ကျခံသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ နော်တင်ဟမ်ဖောရက်အသင်းနဲ့FAဖလားတတိယအ ဆင့်ပွဲစဉ်အဖြစ် ဇန်န၀ါရီလ (၇)ရက်နေ့ည မြန်မာစံတော်ချိန်(၁၀)နာရီ မိနစ်(၃၀)အချိန်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
 
 
 

Related News