လီဗာပူးလ်အသင်း နောက်ခံလူကလာဗန်ဟာ ဘန်လေအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂)မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး မှတ်တမ်းကောင်း တစ်ခုရရှိခဲ့ပါတယ်။ကလာဗန်ဟာ လီဗာပူးအသင်းက ဘန်လေအသင်းကို(၂)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး အတွက်အနိုင်ဂိုးသွင်းယူခဲ့ပြီး ဒီသွင်းဂိုးဟာ ယခုနှစ်ရာသီမှာ သူ့အတွက် ပထမဆုံးလိဂ်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ယခုနှစ်ရာသီရဲ့ ပထမဆုံး လိဂ်သွင်းဂိုးကို သွင်းယူခဲ့တဲ့ ကလာဗန်အနေနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ရရှိခဲ့တဲ့ ပထမဦးဆုံး အက်စတိုးနီးယား ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
 
ကလာဗန်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ယခုနှစ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၄)ပွဲအထိပါဝင်ကစားထားတာ ဖြစ်ပါတယ်။ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းအတွက်လည်း မှတ်တမ်းကောင်း ရရှိခဲ့ ပြီး နည်းပြဂျာဂင်ကလော့ လက်ထက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲအပါအ၀င် ပြိုင်ပွဲစုံ(၁၆)ပွဲဆက်ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာထူးခြားချက်တစ်ခုရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင် ကစားခွင့်ရရှိခဲ့တဲ့ ကွင်းလယ်လူ လယ်လာနာ ဟာ ရက်ပေါင်း(၂၂၅)ရက် အကြာမှ အသင်းအတွက်ပြန်လည် ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။ 
 
 
 

Related News