ဒဏ်ရာပြဿနာကြောင့် ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးတဲ့ နောက်ခံလူဖီးလ်ဂျုံးဟာ အင်္ဂလန် အသင်းရဲ့ ပွဲစဉ်မှာပါဝင်ကစားနိုင်ဖို့အတွက် ဆေးထိုးခဲ့ရကြောင်း အင်္ဂလန်အသင်းရဲ့ဆေးအဖွဲ့တစ်ဦးက ပြောကြားခဲ့ပါတယ်။နောက်ခံလူဖီးလ်ဂျုံးဟာ ဒဏ်ရာပြဿနာတွေ ကာလအတန်ကြာ ရုန်းကန်ခဲ့ရတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ယခုလည်း ဒဏ်ရာပြဿနာ ပြည့်ပြည့်၀၀ကောင်းမွန်လာခြင်းမရှိတဲ့ အခြေအနေမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။
 
အင်္ဂလန်အသင်း နောက်ခံလူ ဖီးလ်ဂျုံးအနေနဲ့ ဂျာမနီအသင်းနဲ့ယှဉ် ပြိုင်ကစားခဲ့ရတဲ့ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာကိုထုံဆေးထိုးကာကစားခဲ့ရပြီး ပွဲမကစားမီ ထုံဆေး(၆)လုံးအထိထိုးကာ ကစားခဲ့ရကြောင်းသိရပါတယ်။ မန်ယူအသင်း နည်းပြမော်ရင်ဟိုဟာ သူ့ရဲ့ကစားသမားကို ဒဏ်ရာပြဿနာ ရှိနေတဲ့ကြားက အင်္ဂလန်အသင်းကို စေလွှတ်ခဲ့ရပြီး အင်္ဂလန်အသင်းဘက်က ကစားသမားကို ယခုလို ကိုင်တွယ်ခဲ့တဲ့အတွက် စိတ်ပျက်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
 
အဆိုပါပွဲစဉ်ဟာ အရေးတကြီး ပွဲစဉ်မဟုတ်ပဲ သာမန် ခြေစမ်းပွဲအတွက် ဒဏ်ရာပြဿနာရှိနေသေးတဲ့ ကစားသမားတစ်ဦးကို ယခုလို ထုံဆေးထိုးကစားစေခြင်း မျိုးတစ်ခါမျှ မကြားဖူးကြောင်းလည်း မော်ရင်ဟိုကပြောကြား သွားခဲ့ပါတယ်။ ဖီးလ်ဂျုံးဟာ ဂျာမနီအသင်းနဲ့ ခြေစွမ်းပွဲမတိုင်ခင်ကတည်းက ပေါင်ခြံဒဏ်ရာ ရှိနေခဲ့တာဖြစ်ပြီး မန်ယူအသင်းရဲ့ ပွဲစဉ်အချို့ကိုလွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။
 

Related News