အောက်တိုဘာလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို ပေးအပ်ချီးမြှင့်ခဲ့ရာမှာတော့ မန်စီးတီး အသင်းနည်းပြဂွါဒီယိုလာ၊ မန်စီးတီးလူငယ်တိုက်စစ်ကစားသမားဆာနေးနဲ့ ဆောက်သမ်တန် အသင်းကွင်း လယ်ကစားသမား ဘူဖယ်တို့ဆွတ်ခူးရရှိခဲ့ပါတယ်။ နိုင်ငံတကာအားကစား သတင်းအယ်ဒီတာ တင်ဆက်ပေးမှာဖြစ်ပါတယ်။မန်စီးတီးနည်းပြဂွါဒီယိုလာဟာ အောက်တိုဘာလအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲစလုံးကို အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် အောက်တိုဘာလအတွက် တစ် လတာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
 
နည်းပြဂွါဒီယိုလာဟာ အောက်တိုဘာလမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲမှာ (၃)ပွဲစလုံးအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ပွဲစဉ်(၃)ပွဲ မှာသွင်းဂိုး(၁၃)ဂိုးအထိ ရယူနိုင်ခဲ့ကာ ပေးဂိုး(၄)ဂိုးသာခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အောက်တိုဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကိုလည်း မန်စီးတီးအသင်းကပဲဆွတ်ခူးခဲ့ပြီး မန်စီးတီးအသင်း လူငယ် တိုက်စစ်ကစားသမားဆာနေးကရရှိခဲ့ပါတယ်။
 
ဆာနေးဟာအောက်တိုဘာလအတွင်းက ယှဉ်ပြိုင်ကစား ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲမှာ (၃)ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု(၃)ကြိမ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး  အသင်းဖော်ဒီဘရိုင်းနဲ့ အာဆင်နယ်အသင်းနောက်ခံလူမွန်ရီယယ်တို့ကိုကျော်ဖြတ်ပြီး အဆိုပါဆုကို ဆွတ်ခူးနိုင် ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်း ကွင်းလယ်လူ ဘူဖယ်ကတော့ အောက်တိုဘာလအတွက် တစ်လ တာအကောင်းဆုံးသွင်းဂိုးဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး  ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်ဘရွန်း အသင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
 
 
 

Related News