ဒိန်းမတ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-Off  ဒုတိယအကျော့ပွဲစဉ်မှာ ကွင်းလယ် ကစားသမား အဲရစ်ဆင်ရဲ့ ဟက်ထရစ်သွင်းဂိုးအပါအ၀င် (၅)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ဥရောပဇုန်ခြေစစ်ပွဲ Play-Off  ဒုတိယအကျော့ပွဲစဉ်အဖြစ် အိုင်ယာလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ဧည့်သည်ဒိန်းမတ်အသင်းက အိမ်ရှင်အိုင်ယာလန်အသင်းကို (၅) ဂိုး၊ (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
 
ယခုပွဲစဉ်မှာ အိမ်ရှင် အိုင်ယာလန်အသင်းက ပွဲအစ (၆) မိနစ်မှာပဲ ဦးဆောင်ဂိုး တစ်ဂိုးရရှိခဲ့ပြီး၊ပြိုင်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန်(၂၉)မိနစ်မှာ နောက်ခံလူခရစ်စတီရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုမှ ချေပဂိုး တစ်ဂိုးပြန်လည် ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဒိန်းမတ်အသင်းက ပြိုင်ပွဲကို ဦးဆောင်ထားခဲ့ပြီး ကွင်းလယ်ကစားသမားအဲရစ်ဆင်က ပွဲချိန် (၃၂)မိနစ်၊ (၆၃)မိနစ်နဲ့ (၇၃)မိနစ်တွေမှာ တစ်ဦးထဲ ဟက်ထရစ် သွင်းဂိုးသွင်းယူပြီး၊ ပွဲချိန်မိနစ်(၉၀)မှာ တိုက်စစ်မှုးဘန်တနာက ပင်နယ်တီမှတစ်ဆင့် သွင်းဂိုးတစ်ဂိုးထပ်မံ သွင်းယူပေးခဲ့ပါတယ်။
 
ယခုပွဲစဉ်မှာ ဒိန်းမတ်အသင်း အတွက် ခြေစွမ်းပြသပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အဲ့ရစ်ဆင်ဟာ ဒိန်းမတ်လက်ရွေးစင် ကစားသမားဘ၀မှာ သွင်းဂိုး(၂၁)ဂိုး အထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ သွင်းဂိုး(၂၁)ဂိုးထဲမှ (၁၁)ဂိုးကိုတော့ အဲရစ်ဆင်ဟာ ယခု(၂၀၁၈)ခုနှစ်၊ ကမာ်္ဘ့ဖလားခြေစစ်ပွဲစဉ်တွေ အတွင်းမှာ သွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
 
 
 

Related News