ဂိုးသမားဘူဖွန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(ွ)ရဲ့အုပ်စုပွဲစဉ်(၉)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဆီ ဒိုးနီးယားအသင်းနဲ့ပွဲစဉ်မှာ အီတလီအသင်းအတွက် (၁၇၂)ပွဲ ပြည့်မြောက်ပွဲထွက် ကစားခဲ့ပါတယ်။ဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းမှာ (၁၉၉၇)ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အသက် (၃၉)နှစ်အရွယ်ရှိနေပေမယ့်အီတလီအသင်းရဲ့ ဂိုးပေါက်ကိုအကောင်းဆုံးကာကွယ်နေသူ ဖြစ်ပါတယ်။

ဘူဖွန်ဟာ အီတလီအသင်းနဲ့ ပြိုင်ပွဲစုံပွဲပေါင်း(၁၇၂)ပွဲအထိ ကစားထားခဲ့တဲ့ဝါရင့်ဂိုးသမားဖြစ်ပြီး လက်ရှိအချိန်ထိအရေး အပါဆုံးကစားသမားအဖြစ် သက်သေပြထားဆဲ ဖြစ်ပါတယ်။ နိုင်ငံအသင်းအတွက် (၁၇၂)ပွဲပြည့်မြောက်ခဲ့တဲ့ ဘူဖွန်ဟာ နိုင်ငံအသင်းအတွက် ပွဲအများဆုံးဝင်ရောက်ကစားခဲ့တဲ့ကစားသမားစာရင်းမှာ နံပါတ်(၄)နေရာမှာရှိနေခဲ့ပြီး နံပါတ်(၃) နေရာမှာ ရပ်တည်နေခဲ့တဲ့ မက္ဘဆီကိုကစားသမားဟောင်း ကလောက်ဒီယိုဆွာရက်နဲ့ (၅)ပွဲသာ ကွာဟတော့တာဖြစ်ပါတယ်။

အီတလီအသင်းနဲ့ မက်ဆီဒိုးနီးယားအသင်းတို့ရဲ့ပွဲစဉ်ဟာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ပြီးဆုံးခဲ့ပြီး အီတလီအသင်းဟာ ယခုပွဲစဉ်မှာ သရေတစ်မှတ်တစ် မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အုပ်စုထိပ်ဆုံးမှ စပိန်အသင်းနဲ့(၅)မှတ်ကွာဟသွားခဲ့ပါတယ်။ အီတလီအသင်းအနေနဲ့ အုပ်စုပွဲစဉ်(၁)ပွဲသာ ကစားရန်ကျန်ရှိတော့တဲ့အချိန်မှာ စပိန်အသင်းနဲ့ (၅)မှတ်အထိ အမှတ်ကွာဟသွားခဲ့တာကြောင့် ကမ်္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်မရရှိတော့ပဲ အုပ်စုဒုတိယအသင်းအဖြစ် ဏူပေ-ဉ် အဆင့်ကို ၀င်ရောက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ 

 

 

Related News