ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ (၇)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စ်ပါးမက်အသင်းနဲ့ ပွဲစဉ်မှာ ကတ်တလန်ဒေသခွဲထွက်ရေးပြဿနာကြောင့် အဆိုပါပွဲစဉ်ကို အိမ်ကွင်းနူးကမ့်မှာ ပရိသတ် မပါဘဲ ကွင်းပိတ်ကစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ်(၇)အဖြစ် လက်စ်ပါးမက်စ်အသင်းကို အိမ်ကွင်းနူးကမ့်မှာ ရင်ဆိုင်ကစားခဲ့ပြီး (၃)ဂိုး၊ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ ကတ်တလန်ဒေသခွဲထွက်ရေး ပြဿနာတွေကြောင့် အိမ်ကွင်းမှာ ပရိသတ်မပါဘဲကွင်းပိတ်ကစားခဲ့ရပါတယ်။ကတ်တလန်ဒေသကို စပိန်နိုင်ငံမှခွဲထွက်ကာ နိုင်ငံသစ်တစ်ခုအဖြစ် ထူထောင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုအောက်တိုဘာ(၁)ရက်ကပြုလုပ်ခဲ့ပြီးအဆိုပါ မဲဆန္ဒခံယူပွဲကို စပိန်အစိုးရကအသိအမှတ်မပြုဘဲ အင်အားသုံးနှိမ်နင်းမှုပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ကတ်တလန်ဒေသခွဲထွက်ရေး လှုပ်ရှားသူများ အကြား ပဋိပက်္ခဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ (၉၁)ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြဿနာတွေကြောင့် ဘာစီလိုနာအသင်းဘက်က လက်စ်ပါမားစ် နှင့်ပွဲကိုရက် ရွှေ့ဆိုင်းပေးရန် လာလီဂါဘောလုံးအဖွဲ့ချုပ်ထံတောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် ယခုပွဲကို ကွင်းပိတ်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ဘာစီလိုနာအသင်း ဥက္ကဌဘာတိုမြူက ယခုကွင်းပိတ်ကစားခဲ့တာဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်သူတွေကို ထောက်ခံသောအားဖြင့်က ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
 
 
 

Related News