WBA၊ WBC၊ IBF နှင့် IBO မစ်ဒယ်ဝိတ်တန်းများချန်ပီယံကာကွယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံဖြစ်သူဂိုလော့ဖ်ကင်နှင့် စိမ်ခေါ်လာသူကန်နယ်လ်လိုတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာပွဲစဉ်အပြီးတွင် သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ရသည်။ သို့သော်လည်းယင်းပွဲစဉ်တွင် ဂိုလော့ဖ်ကင်၏ စွမ်းဆောင်နိုင်ရည်မှာအနိုင်ရရှိရန် လုံလောက်သည့် အနေအထားမှာရှိနေသော်လည်းအမှတ်ပေးဒိုင်အဒါလိုင်ဒီ၏ အမှတ်ပေးမှားယွင်းမှုကြောင့် သရေဖြင့်သာ ပြီးဆုံးခဲ့ရခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်ကယင်းပွဲစဉ်အတွက် အမှတ်ပေးရာတွင် မျှတမှုမရှိခဲ့သူအမျိုးသမီးအမှတ် ပေးဒိုင်အဒါလိုင်ဒီအားနောက်ထပ် အဆင့်မြင့်စိမ်ခေါ်ပွဲများတွင် ပါဝင်ခွင့်ပြုတော့မည်မဟုတ်ဘဲအပျော်တမ်းပွဲစဉ်များတွင် သာအမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်စေတော့မည်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် ဂိုလော့ဖ်ကင်၏ ပရိသတ်များက အထူးကျေနပ်ဝမ်းမြောက်လျက်ရှိသလို ဂိုလော့ဖ်ကင်ဘက်ကလည်းကန်နယ်လ်လိုနှင့် မကျေပွဲထပ်မံထိုးသတ်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သည်။

အမှတ်ပေးဒိုင်များအဖြစ်ကအဆုံးသတ်ထုတ်ပယ်ပစ်ရန်မရှိသော်လည်း လက်ဝှေ့လောကအား ဝေဖန်စရာဖြစ်လာနိုင်သည့် လုပ်ရပ်များကို ကျူးလွန်နေသူဒိုင်များကိုတော့ ထိရောက်စွာအပြစ်ပေးမည်ဖြစ်ကြောင်း၊ ဆုံး ဖြတ်ချက်မမျှတခဲ့သည့် အမှတ်ပေးဒိုင်အဒါလိုင်ဒီအားအဆင့်မြင့်ပွဲစဉ်များတွင် နောက်ထပ်ဒိုင်အဖြစ် ပါဝင်ခြင်းမပြုတော့ ရန် ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

 

 

Related News