လီဗာပူးကွင်းလယ်ကစားသမားဖီးလစ်ကော်တင်ဟိုအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခွင့်ရရှိ ရေးအတွက် အသင်းအား တရားဝင်တောင်းဆိုလိုက်ကြောင်း သိရသည်။ သို့သော်လည်း လီဗာပူးအသင်းဘက်ကမူ ကော် တင်ဟိုအား ရောင်းချရန်မစဉ်းစားထားသည့်အတွက် ၄င်း၏ပြောင်းရွှေ့ခွင့်တောင်းဆိုမှုအား ပယ်ချထားသည်။ ကော်တင် ဟိုနှင့် ပတ်သက်သည့် ကမ်းလှမ်းမှုများအား စဉ်းစားမည်မဟုတ်ဟု လီဗာပူးအသင်းပိုင်ရှင် Fenuay Sports Group ဘက် ကထုတ်ပြန်လိုက်ပြီးနောက် ကော်တင်ဟိုက တရားဝင်အသင်းပြောင်းရွှေ့ခွင့်ကို အီးမေးလ်ဖြင့်ဆက်သွယ်တောင်းခံလိုက် ခြင်းဖြစ်သည်။ ကော်တင်ဟိုဘက်ကမှ အသင်းပြောင်းရွှေ့ခွင့်တောင်းခံလွှာအား လက်ခံရရှိခဲ့သော်လည်း လီဗာပူးအနေဖြင့် ရောင်းချရန်အစီအစဉ်မရှိဟု သိရသည်။ ဘာစီလိုနာဘက်က ကော်တင်ဟိုအား ယူရိုသန်း (၁၀၀) ဖြင့် ဒုတိယအကြိမ် မြောက် ကမ်းလှမ်းခဲ့မှုအား လီဗာပူးဘက်က ပယ်ချထားပြီးနောက် အဆိုပါကိစ္စမှာ လုံးဝပြီးပြတ်ပြီဟု လီဗာပူးဘက်က ယုံကြည်ထားသည်။ အဆိုပါအပြောင်းအရွှေ့ကိစ္စကို ကော်တင်ဟိုဘက်က တတ်နိုင်သရွေ့ကြိုးစားခဲ့သော်လည်း မအောင် မြင်ခဲ့ကြောင်း သိရှိရသည်။ 

 

Related News