အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်တွင် ကျင်းပခဲ့သည့် စီးတီးအိုးပင်းတင်းနစ်ချန်ပီယံပြိုင်ပွဲ ၏ ဖိုင်နယ်ပွဲစဉ်တွင် ဂျာမန်တင်းနစ်သမားဇီရက်ဖ်နှင့် တောင်အာဖရိကတင်းနစ်သမားကီဗာအန်ဒါဆန်တို့ ယှဉ်ပြိုင်ခဲ့ကြရာ နောက်ဆုံးတွင် ဇီရက်ဖ်က ၆-၄၊ ၆-၄ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံဆုဖလားအား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၀) နှစ်အရွယ်ရှိ ဇီရက်ဖ်သည် ၄င်း၏ကစားသမားသက်တမ်းတစ်လျှောက် (၄) ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သော အရေးပါသည့် ချန်ပီယံဆုဖလားတစ်မျိုးဖြစ်သည်။ ဆီမီးဖိုင်နယ်အဆင့်ကလည်း ဂျပန်တင်းနစ်အကျော်အမော်နီရှီခိုရှီအား ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုဖိုင်နယ်ပွဲစဉ်တွင်လည်း ကီဗင်အန်ဒါဆင်အား (၂) ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် လာမည့် နှစ်အပိုင်းအခြားကာလအတွင်း ကမ္ဘာ့အဆင့် (၁) နေရာသို့ တက်လှမ်းနိုင်မည့်ကစားသမားအဖြစ်လည်း အများ၏ ထင်ကြေးပေးခံနေရသူဖြစ်သည်။ ယခင်ကထက် ကစားစွမ်းရည်တိုးတက်လာသည်နှင့်အမျှ အောင်မြင်မှုများလည်း တိုး၍ ရရှိလာသည့်အတွက် ပျော်ရွှင်ကျေနပ်မိကြောင်း၊ ပရိသတ်၏ထင်ကြေးပေးခံရသလိုအဆင့်ရောက်ရှိစေရန်အတွက် ၄င်းအ နေဖြင့် များစွာကြိုးစားအားထုတ်ရဦးမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားများနှင့် ယှဉ်ပြိုင် ကစားရန်အတွက်လည်း ယုံကြည်နေကြောင်း ဇီရက်ဖ်က ဖွင့်ဟပြောကြားခဲ့သည်ဟု သိရသည်။

 

Related News