ဂျိမ်းရိုဒရီဂွက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းကို (၂)ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ လစာငွေအများအပြားရရှိနေတဲ့ ကစားသမားတစ်ဦးထဲမှာ ပါဝင်နေပါတယ်။

ဂျိမ်းရိုဒရီဂွက် ဟာဘိုင်ယန်မြူးနစ်အသင်းမှာ လစာငွေအများအပြားရရှိနေတာဖြစ်ပြီး တစ်ရာသီကိုယူရို(၆.၅)သန်းထိရရှိမှာ ဖြစ်ပါတယ်။ သူဟာဘိုင်ယန်မြူးနစ်အသင်းမှာ တစ်လကို ယူရို(၅)သိန်း(၄)သောင်းရရှိမှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းရဲ့လစာအများဆုံး ကစားသမားတွေထဲက တစ်ဦးအပါအ၀င်ဖြစ်လာပါတယ်။ ဂျိမ်းရိုဒရီဂွက်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ တစ်ရာသီကို(၁၂)ဂိုးနဲ့ အထက်သွင်းယူနိုင်ပါက ယူရို(၂)သိန်း(၅)သောင်း အပိုဆုကြေးအဖြစ် ရရှိမှာဖြစ်ပြီး ဂိုး(၂၀)နဲ့အထက် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါက ယူရို(၂)သိန်း(၅)သောင်း ထပ်မံရရှိဦးမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဂျိမ်းရိုဒရီဂွက်ကို အငှားခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ယူရို(၁၃)သန်းကို ပေးချေခဲ့ရပြီး နှစ်ရစ်ကျခွဲကာ ပေးချေရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ ဂျိမ်းရိုဒရီဂွက်ကို အငှားစာချုပ်ပြည့်လို့ အပြီးသတ်ခေါ်ယူလိုပါက ယူရို(၄၂)သန်းဖြင့် ခေါ်ယူနိုင်မှာ ဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်ဂျော့မန်ဒက်စ်ကိုပါ ယူရို(၂)သန်းပေးချေရမှာ ဖြစ်ပါတယ်။

 

Related News