အက်သလက်တစ်ကိုအသင်းအနေဖြင့် ချယ်လ်ဆီးတိုက်စစ်မှူးကော်စတာအားခေါ်ယူရန်အတွက် အလျင်စလိုလုပ်ဆောင်သွားမည်မဟုတ်ဟုနည်းပြဒိုင်ဂိုဆီမြွန်နီကပြောကြားလိုက်ကြောင်းသိရသည်။ လက်ရှိတွင် အက် သလက်တစ်ကိုအသင်းတွင် တိုက်စစ်မှူးအင်အားအလုံအလောက်ရှိနေပြီးကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကလည်းအက်သလက်တစ်ကိုအသင်းအားအပြောင်းအရွှေ့ဈေးကွက်တွင် ပါဝင်လှုပ်ရှားခွင့်ပိတ်ပင်ခံထားရသည်ဟုလည်းသိရသည်။ ထို့ ကြောင့်လည်းကော်စတာအနေဖြင့် အက်သလက်တစ်ကိုအသင်းသို့ ပြောင်းရွှေ့လိုပါကလာမည့်ဇန်န၀ါရီလအပြောင်းအ ရွှေ့ကာလအထိစောင့်ဆိုင်းရမည်ဖြစ်သည်။

လတ်တလောတွင် ချယ်လ်ဆီးအသင်း၏ ကစားသမားတစ်ဦးဖြစ်နေဆဲကော် စတာ၏ အပြောင်းအရွှေ့ကိစ္စနှင့် ပတ်သက်၍ ၄င်းအနေဖြင့် မည်သည့်မှတ်ချက်မှ မပေးလိုသေးကြောင်း၊ လက်ရှိအသင်းအင်အားနှင့် အကောင်းဆုံးလုပ်ဆောင်သွားနိုင်ရန်သာ ကြိုးစားနေကြောင်း၊ ကစားသမားသစ်ခေါ်ယူရေးနှင့် ပတ်သက်ပြီးဖီဖာ၏ပိတ်ပင်ထားချက်အားမည်သည့်မှတ်ချက်မျှမပေးလိုကြောင်း၊ လက်ရှိအသင်းအင်အားမှာအသင်းအတွက် ကောင်းစွာလုံလောက်ကြောင်း၊ အသင်းရှိကစားသမားများအားကစားနိုင်သည့်စွမ်းရည်တိုးတက်လာစေခြင်းငှာလုပ်ဆောင်ပေးရန်မှာ ၄င်း၏တာဝန်ပင်ဖြစ်ကြောင်းနည်းပြဆီမြွန်နီကပြောကြားလိုက်ခြင်းဖြစ်သည်။ 

 

Related News