ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့နေမာရဲ့အပြောင်းအရွှေ့အပါအ၀င် လာလီဂါကလပ် အသင်း တွေဟာကစားသမား အပြောင်းအရွှေ့မှ ၀င်ငွေများစွာရရှိနေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အပါအ၀င် လာလီဂါကလပ်အသင်းတွေရဲ့ယခုနှစ်နွေ ရာသီဈေးကွက်မှာ ရရှိနေတဲ့ဝင်ငွေဟာ တခြားသောလိဂ်တွေက ကလပ်အသင်းတွေထက် ပိုမိုများပြားနေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားခဲ့တဲ့နေမာရဲ့ အပြောင်းအရွှေ့ကြောင့်လည်း လာလီဂါကလပ် အသင်းတွေရဲ့ဝင်ငွေဟာ ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နေမာရဲ့ အပြောင်းအရွှေ့မှ ယူရို(၂၂၂)သန်းအထိရရှိမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဘက်က ပြောင်းရွှေ့ကြေးကို အပြီးသတ်ပေးချေမှု မရှိသေးကြောင်းလည်းသိရပါတယ်။
 
လာလီဂါကလပ်အသင်းတွေ အားလုံးရဲ့ ၀င်ငွေစုစုပေါင်းဟာ ယူရို(၆၅၃)သန်းအထိရှိနေပြီး နေမာရဲ့အပြောင်းအရွှေ့အပါအ၀င် တခြားနာမည်ကြီး ကစားသမားတွေဖြစ်ကြတဲ့ မိုရာတာနဲ့ဒန်နီလိုတို့ရဲ့ အပြောင်းအရွှေ့တွေလည်း ပါဝင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှ ချဲလ်ဆီးအသင်းကို ရောက်ရှိခဲ့တဲ့မိုရာတာရဲ့ ပြောင်းရွှေ့ကြေးဟာယူရို(၇၆) သန်းအထိရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့နောက်ခံလူတစ်ဦးဖြစ်တဲ့ ဒန်နီလိုဟာ မန်စီးတီးအသင်းကိုယူရို(၃၃)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့တာကြောင့်လည်း လာလီဂါအသင်းတွေ ရရှိတဲ့ဝင်ငွေဟာ တခြားလိဂ်တွေထက် သာလွန်နေခဲ့တာဖြစ်ပါတယ်။ ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်မှာ တခြားသောနာမည်ကြီး ဥရောပလိဂ်တွေ ဖြစ်တဲ့ ပရီးမီးယား လိဂ်က ယူရို(၅၈၁)သန်း၊ စီးရီးအေက ယူရို(၅၇၂)သန်း၊ လီဂူးဝမ်းက ယူရို(၅၀၈)သန်းနဲ့ ဘွန် ဒက်လီဂါက ယူရိုသန်း (၃၄၀)၀င်ငွေရရှိနေခဲ့တာဖြစ်ပါတယ်။ ကစားသမားအပြောင်းအရွှေ့မှ အသားတင်အမြတ်အဖြစ် လာလီဂါကလပ်အသင်းတွေဟာ ယူရို(၂၈၆)သန်းရရှိခဲ့ကာ ပရီးမီယားလိဂ်၊ စီးရီးအေ၊ လီဂူးဝမ်းနဲ့ ဘွန်ဒက်လီဂါတို့ကတော့ အရှုံးပေါ်ခဲ့တာဖြစ်ပါတယ်။ 
 
 
 

Related News