(၂၀၁၆-၁၇) ဘောလုံးရာသီကို ချန်ပီယံလိဂ်ဆုဖလားနဲ့နှုတ်ဆက်ခဲ့ပြီး၊ အသင်းရဲ့ဆုဖလားရရှိမှုမှာ အဓိကကျခဲ့တဲ့ စီရော်နယ်ဒိုအနေနဲ့ (၂၀၁၇) ခုနှစ်အတွက်ပေးအပ်ချီးမြင့်မယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အခွန်ရှောင်လွှဲမှု ကိစ္စရပ်တွေကြောင့် အသင်းပြောင်းရွှေ့တော့မယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တယ်လို့သိရပါတယ်။ စပိန်အခြေစိုက်အားကစားမီဒီယာတွေအနေနဲ့ ဇွန်လ (၁၅) ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ စီရော် နယ်ဒိုအနေနဲ့ အခွန်ပေးဆောင်ရမယ့်ယူရို (၁၅) သန်းကိုပေးဆောင်ခဲ့ခြင်းမရှိခဲ့ပဲ၊ အခွန်ရှောင်လွှဲခဲ့တယ်လို့သ တင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စပိန်နိုင်ငံကဘောလုံးသမားတွေဟာ ရရှိတဲ့ငွေကြေးပမာဏထဲက (၅၅)ရာခိုင်နှုန်းအထိ အခွန်အနေနဲ့ပေးဆောင်နေရတာကြောင့် ဘာစီလိုနာကြယ်ပွင့် မက်ဆီကတော့ အခွန်ရှောင်လွှဲခဲ့ တယ်လို့ စပိန်အခြေစိုက်ကတ္တလန်တရားရုံးရဲ့ တရားစွဲဆိုမှုကိုခံခဲ့ရသလို၊ လက်ရှိမှာလည်း ရီးရဲယ်လ်မက်ဒရစ် အသင်းတိုက်စစ်မှူးစီရော်နယ်ဒိုအနေနဲ့ အခွန်ရှောင်လွှဲခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်တစ်ဆက်တည်းမှာပဲ စီရော်နယ်ဒိုအနေနဲ့ နိုင်ငံတကာပွဲစဉ်တွေယှဉ်ပြိုင်ကစားရဖို့ရှိနေတာကြောင့် ပေါ်တူဂီနိုင်ငံကို ပြန်လည်ရောက်ရှိနေချိန်မှာ ပေါ်တူဂီအခြေစိုက်အားကစားမီဒီယာတွေအနေနဲ့ စီရော်နယ်ဒိုဟာ အခွန်ပေးဆောင်ရမှုနှုန်းများပြားနေတဲ့ စပိန်နိုင်ငံမှာဘောလုံးကစားလိုခြင်းမရှိတော့ပဲ၊ အခြားသော လိဂ်တစ်ခုကို ပြောင်းရွှေ့ကစားတော့မယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ အေးဂျင့်အနေနဲ့ လက်ရှိမှာစီ ရော်နယ်ဒိုရဲ့အသင်းပြောင်းရွှေ့ရေးကိုစီစဉ်နေပြီး၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ် မတိုင်မီကတည်းက ဝေးလ်နိုင်ငံ၊ ကာဒစ်မြို့မှာ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် တိတ်တဆိတ်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်လာခဲ့ တာဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ လက်ရှိမှာအသက် (၃၂) နှစ်အရွယ်ကိုရောက်ရှိနေပြီး၊ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်း(သို့) ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့သွားမှာဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

Related News