(၂၀၁၆-၁၇) ဘောလုံးရာသီအပြီးမှာ နာမည်ကြီးနည်းပြအများစုအနေနဲ့ အသင်းကနေ ထုတ်ပယ်ခံရ (သို့)လမ်းခွဲခဲ့တဲ့နည်းပြအများအပြားရှိခဲ့ပြီး၊ လက်ရှိမှာ ဘာစီလိုနာ အသင်းနည်းပြ ဟောင်း လူးဝစ်အန်းနရစ်နဲ့ ဒေါ့မွန်အသင်းနည်းပြဟောင်း သောမတ်စ်တူချယ်လ်တို့ အပါအ၀င် နည်းပြ (၂၅) ဦးအထိ အသင်းလက်မဲ့ဖြစ်နေခဲ့တယ် လို့သိရပါတယ်။ (၂၀၁၆-၁၇) ဘောလုံးရာသီကတော့ မေလအတွင်းမှာပြီးဆုံးသွားခဲ့ပြီး၊ ဘာစီလိုနာ အသင်းအနေနဲ့ အသင်းကို ဆုဖလား (၉) လုံးအထိဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြလူးဝစ်အန်းနရစ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့တာဖြစ်ပါတယ်။ လူးဝစ်အန်းနရစ်အနေနဲ့ ဘာစီလိုနာအသင်းမှာ (၃) ရာသီကြာဖြတ်သန်းခဲ့ပြီး၊ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေ ခဲ့တဲ့နည်းပြတစ်ဦးပဲဖြစ်ပါတယ်။ 

ဒါ့အပြင်ဂျာဂျန်ကလော့ထွက်သွားပြီးနောက်မှာ ဒေါ့မွန်အသင်းကိုနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ သောမတ်စ်တူချယ်လ်အနေနဲ့ကလည်း (၂၀၁၅) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်အထိ (၃) ရာသီကြာကိုင်တွယ်ခဲ့ရာမှာ ဂျာမန်ပိုကယ်ဖလားတစ်လုံးတည်းသာရယူပေးနိုင်ခဲ့တဲ့ နည်းပြ သောမတ်စ်တူချယ်လ်အနေနဲ့ (၂၀၁၆-၁၇) ဘောလုံးရာသီအကုန်မှာ အသင်းရဲ့နည်းပြ ရာထူးကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ (၂၀၁၆-၁၇) ဘောလုံးရာသီမှာ နာမည်ကြီး ကစားသမားအပြောင်းအရွှေ့တွေထက် နည်းပြအပြောင်းအလဲကများပြားခဲ့ ပြီး၊ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ လည်း ၀ါရင့်နည်းပြကြီးတွေဖြစ်ကြတဲ့ ဆမ်အလာဒွိုက်၊ အလန်ပါဂျူး၊ ဒေးဗစ်မိုယက် စ်အစရှိတဲ့နည်းပြတွေအနေနဲ့ အသင်းကနေနှုတ်ထွက်ခဲ့သလို၊ ကရန်ကာ၊ ကလောက်ပူးလ်အစရှိတဲ့ နည်းပြတွေ အနေနဲ့ အသင်းရဲ့ရာထူးကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

 

Related News