ချယ်လ်ဆီးအသင်းမှ တိုက်စစ်မှူးဟာဇတ်သည် ဘယ်လ်ဂျီယံအသင်းနှင့်အတူ ပါဝင်ကစားခဲ့ စဉ်ကခြေမျက်စေ့ဒဏ်ရာရရှိခဲ့သည့်အတွက် ယခုရာသီအစပွဲစဉ်များနှင့် လွဲချော်ဖွယ်ရှိနေသည်ဟုသိရှိရသည်။ ဟာဇတ် အနေဖြင့် ရရှိခဲ့သည့်ဒဏ်ရာကြောင့် သီတင်းပတ် (၈) ပတ်ခန့် အနားယူရဖွယ်ရှိနေသည်။ လာမည့် သြဂုတ်လ (၁၂) ရက် နေ့တွင် စတင်မည့် ၂၀၁၇-၂၀၁၈ ပရီးမီးယားလိဂ်ရာသီပွဲစဉ်များနှင့် ပတ်သက်ပြီးကနဦးထွက်ပေါ်နေသည့် သတင်းများအရတိုက်စစ်မှူးဟာဇတ်အနေဖြင့် ချက်သမ္မတအသင်း၊ အက်စတိုးနီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်များနှင့် လွဲချော်ဖွယ်ရှိနေကြောင်းသိရှိရသည်။

၎င်း၏ဒဏ်ရာအခြေအနေအား ဓာတ်မှန်ရိုက်ကြည့်ခဲ့ရာ အခြေအနေလွန်စွာဆိုးဝါး လျက်ရှိသည်ဟုသိရှိရသည်။ နိုင်ငံ့ပွဲစဉ်များတွင် ပါဝင်ကစားရန်အတွက် လေ့ကျင့်မှုများပြုလုပ်ကာ ပြင်ဆင်နေချိန်၌ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူဟာဇတ်အားအသင်းပြောင်းရွှေ့ရန်အတွက် ဆက်သွယ်ကမ်းလှမ်းမှုအချို့လည်းရှိနေသည်ဟုသိရှိရသည်။ ဟာဇတ်သည် ချယ်လ်ဆီးအသင်းနှင့်အတူပရီးမီးယားလိဂ်ဖလားရရှိရန်အတွက် အဓိကပါဝင်ကစားပေးခဲ့ ကာသွင်းဂိုးစုစုပေါင်း (၁၇) ဂိုးတိတိသွင်းယူပေးခဲ့ကြောင်းလည်းသိရှိရသည်။ 

 

 

Related News