ယခုလက်ရှိနွေရာသီအပြောင်းအရွေ့မှာ မန်ယူအသင်းကတော့ ဘင်ဖီကာနောက်ခံလူ လင်ဒီလော့စ်ကို ခေါ်ယူခဲ့တာကြောင့် အသင်းမှာရှိတဲ့ရှိရင်းစွဲနောက်ခံကစားသမားအချို့ဟာ ပုံမှန်ပွဲ ထွက်ခွင့်အတွက် အစွမ်းကုန်ကြိုး ပမ်းရတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်န၀ါရီလကတည်းက မန်ယူအသင်းနဲ့အတူ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ လင်ဒီလော့စ်ဟာ လက်ရှိအချိန်မှာတော့ မန်ယူအသင်းကို ပြောင်းရွေ့ကြေးပေါင် (၃၁)သန်းနဲ့ (၄)နှစ်စာချုပ်ချုပ် ဆိုကာ အသင်းကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အသက်(၂၂)အရွယ် ဆွီဒင်လက်ရွေးစင် လင်ဒီလော့စ်ဟာ နည်း ပြမော်ရင်ဟိုရဲ့ ပထမဆုံးခေါ်ယူဖို့ ပစ်မှတ်ထားခဲ့သူဖြစ်ပြီး သူ့ရဲ့ကြံ့ခိုင်မှုနဲ့ တည်ငြိမ်တဲ့ကစားဟန်က နည်းပြ မော်ရင်ဟိုရဲ့စိတ်ကြိုက်ကစားသမားဖြစ်ခဲ့ပါတယ်။

ဗဟိုခံစစ်မှာသာမက၊ ခံစစ်ညာခြမ်းမှာ ကစားနိုင်တဲ့ လင်ဒီ လော့စ်ဟာ (၂၀၁၃)ခုနှစ်မှ (၂၀၁၇)ခုနှစ်ထိ ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ(၇၃)ပွဲပါဝင်ကစားခဲ့သူဖြစ်ပါ တယ်။လင်ဒီလော့စ် ရောက်ရှိလာခြင်းကြောင့် မန်ယူအသင်းရဲ့ခံစစ်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးဖို့ရှိနေပြီး အသင်းမှာ အနာဂတ်ပျောက်ဆုံးနိုင်တဲ့ ကစားသမားတွေလည်းရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်ယူအသင်းရဲ့ဗဟိုခံစစ်မှာ အဲရစ်ဘိုင်လေ၊ ရိုဂျို၊ တို့ဟာ အရေးပါတဲ့ကစားသမား တွေဖြစ်ပြီး အခြားသော ဗဟိုနောက်ခံကစားသမားတွေဖြစ်တဲ့ စမောလင်းနဲ့ဖီးဂျုံးတို့ဟာ ပွဲထွက်ခွင့်နည်းပါခဲ့ပြီး အရံကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိခဲ့တဲ့ကာလတွေလည်းရှိခဲ့ပါတယ်။

ဒါ့အပြင့် ဒါလေဘလိုင်း၊ လုရှော၊ ဒါမီယန် တို့ဟာ ပုံမှန် ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး လူငယ်နောက်ခံလူ လှရှောကတော့ နည်းပြမော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ မန်ယူအသင်း ဗဟိုခံစစ်မှာ ဘိုင်လေ၊ ရိုဂျို တို့ကိုသာ အဓိကထား အသုံးပြုခဲ့ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ရိုဂျိုရဲ့ဒဏ်ရာရရှိမှုကြောင့်သာ စမောလင်းနဲ့ဖီးဂျုံးတို့ကို တစ်လှည့်စီအသုံးပြုခဲ့တာဖြစ်ပါတယ်။

 

 

Related News