ကစားသမားဘ၀ကနေ အနားယူထားပြီးဖြစ်တဲ့ အမေရိကန်လက်ဝှေ့အကျော်အမော် မေ၀ဲသာဟာ လက်ရှိမှာ လက်ဝှေ့လောကကို ပြန်လည်ဝင်ရောက်တော့မှာဖြစ်ပြီး ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲဝင်ကစားသမား UFA ချန်ပီယံ မက်ဂရီဂေါ်နဲ့ ထိုးသတ်မှာဖြစ်ပါတယ်။ မတူညီတဲ့ ၀ိတ်တန်း(၅)ခုမှ ချန်ပီယံဖြစ်ခဲ့တဲ့ မေ၀ဲသာဟာ (၂၀၁၅)ခုနှစ်က အန်ဒရီဘာတိုနဲ့ပွဲစဉ်မှာ အနိုင်ရရှိပြီးနောက်ပိုင်း လက်ဝှေ့လောက ကနေအနားယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မေ၀ဲသာဟာ (၂၃) လကြာအနားပြီးနောက်မှာ လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပြီး နာမည်ကျော် UFC က စားသမားမက်ဂရီဂေါ်နဲ့ ထိုးသတ်မှာဖြစ်ပါတယ်။မက်ဂရီဂေါ်ဟာ ကစားသမားဘ၀မှာ လက်ဝှေ့ပြိုင်ပွဲအမျိုးအစား ယှဉ်ပြိုင်ဖူးသူမဟုတ်ပေမယ့် ယခင်ကတည်းက မေ၀ဲသာကို ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ ခေါင်းစဉ်အောက်မှာ လာရောက်ထိုးသတ်ဖို့ စိန်ခေါ်ခဲ့သူဖြစ်ပါတယ်။

မက်ဂရီဂေါ်ဟာ (၂၀၁၆)ခုနှစ် နိုဝင်ဘာလက အယ်ဘာရက်ကိုအနိုင် ရရှိပြီး မတူညီတဲ့ UFC  ချန်ပီယံဆုနှစ်ခုကို တပြိုင်နက်ရရှိပြီးနောက်ပိုင်း ပြိုင်ပွဲတွေကို ထိုးသတ်ခြင်းမရှိတော့သူ ဖြစ်ပါတယ်။ မီဒီယာတွေကတော့ မက်ဂရီဂေါ်ဟာ အဲဒီအချိန်ကတည်းက မေ၀ဲသာနဲ့ထိုးသတ်ဖို့ပြင်ဆင်နေခဲ့ တယ်လို့ဖော်ပြခဲ့ပါတယ်။ မေ၀ဲသာဟာ ကစားသမားဘ၀(၄၉)ပွဲထိုးသတ်ရာမှာ ရှုံးပွဲမရှိသေးသူဖြစ်ပြီး သမိုင်း မှတ်တမ်းတစ်ခုကိုရေးထိုးထားသူဖြစ်ပါတယ်။ မက်ဂရီဂေါ်ကတော့ UFC  ပွဲစဉ်(၂၁)ပွဲမှာ သုံးပွဲသာရှုံးနိမ့်ထားသူ ဖြစ်ပြီး စံချိန်မှတ်တမ်းကောင်းများစွာကိုရေးထိုးထားသူဖြစ်ပါတယ်။ယခု မေ၀ဲသာနဲ့ မက်ဂရီဂေါ်တို့ထိုးသတ်မယ့် ပွဲစဉ်ဟာ လက်ဝှေ့လောက သမိုင်းတလျောက် ကြေးအကြီးဆုံးပွဲစဉ်ဖြစ်လာဖို့ရှိနေပြီး တစ်ဦးကိုဒေါ်လာသန်း(၁၀၀)စီရရှိမယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ လက်ရှိသူတို့နှစ်ဦးထိုးသတ်မယ့် ပွဲစဉ်ကိုတော့ လာမယ့် သြဂုတ်လ(၂၆)ရက်နေ့ အမေရိကန်နိုင်ငံ လပ်ဗီးဂတ်မြို့မှာရှိတဲ့ T - မိုဘိုင်းအရီနာမှာ ထိုးသတ်မှာဖြစ်ပါတယ်။ 

 

Related News