ပြီးဆုံးသွားပြီဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ၌ ကမ္ဘာတစ်ဝှမ်းရှိ ကလပ်အသင်းများစွာအနက် စပိန်ကလပ်ဘာစီလိုနာအသင်းကလစာပေးချေမှုအမြင့်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်ဟုသိရှိရသည်။  ယခင်ပေးချေခဲ့သည့်လစာနှုန်းထားများနှင့် တိုးတက်လာသည့် နောက်ဆက်တွဲခန့်မှန်းခြေပမာဏများပေါ် မူတည်ကာတွက်ချက်ထုတ်ပြန်ထားသည့် အဆိုပါစာရင်းအရဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်းကစားသမားများအတွက် ပေးချေခဲ့သည့် လစာပမာဏစုစုပေါင်းမှာပေါင် ၂၇၉ သန်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ တခြားကလပ်အသင်းများအနက် အမြင့်ဆုံးဖြစ်သည်။

ဘာစီလိုနာအသင်းနောက်တွင်မှ ယူရိုပါလိဂ်ချန်ပီယံမန်ယူအသင်းကပေါင် ၂၆၅ သန်း၊ ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းကပေါင် ၂၅၆ သန်း၊ လာလီဂါချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းကပေါင် ၂၅၀ သန်း၊ မန်စီးတီးအသင်းကပေါင် ၂၄၈ သန်းအစရှိသဖြင့် အစဉ်တိုင်းရပ်တည်လျက်ရှိသည်။ ယခုစာရင်း၌အသင်းစုစုပေါင်း ၂၅ သင်းအားဖော်ပြထားပြီးပရီးယားလိဂ်ကလပ်အသင်း ၁၅ သင်းထိ ပါဝင်ကာ အရေအတွက်အများဆုံးလိဂ်ပြိုင်ပွဲအဖြစ် ရပ်တည်လျက်ရှိကာအီတလီကလပ် ၄ သင်း၊ စပိန်ကလပ် ၃ သင်း၊ ဂျာမနီကလပ် ၂ သင်းနှင့် ပြင်သစ်ကလပ် ၁ သင်းတို့ ပါဝင်ကြောင်း သိရှိရသည်။ 

 

 

Related News