ပြင်သစ်အိုးပင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဇွန်လ (၈) ရက်နေ့ကညပိုင်းမှာစတင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဗိုလ်လုပွဲစဉ်ကိုတော့ ကမ္ဘာ့အဆင့် (၃) ရိုမေးနီးယားတင်းနစ်မယ် ဆီမွန်နာဟာလက်နဲ့ နိုင်ခြေအဆင့်သတ်မှတ်ခြင်းမခံထားရတဲ့ လတ်ဗီးယား နိုင်ငံသူ ဂျီလန်နာတို့တက်ရောက်ခဲ့ ကြတာဖြစ်တယ်လို့သိရပါတယ်။  နာမည်ကြီးတင်းနစ်မယ်အများစု ပြိုင်ပွဲကနေစောစီးစွာထွက်ခဲ့ရတာကြောင့် ပြင်သစ်အိုးပင်းပြိုင် ပွဲဟာ ချန်ပီယံသစ် ထွက်ပေါ်လာဖို့ရှိနေခဲ့ပြီး၊ လက်ရှိအချိန်မှာတော့ ပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ဆီမွန်နာဟာ လက်အနေနဲ့ နိုင်ခြေအဆင့် (၂) ချက်စ်တင်းနစ်မယ် ပလစ္စကိုဗာကို ၆-၄ ၃-၆ ၆-၃ နဲ့အနိုင်ရရှိခဲ့ပြီး၊ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့သလို၊ အခြား ပွဲစဉ်တစ်ပွဲအဖြစ်လည်း လတ်ဗီးယား တင်းနစ်မယ် ဂျီလန်နာအနေနဲ့ နိုင်ခြေအဆင့် (၃၀) ဆွစ်ဇာလန်နိုင်ငံ သူ ဘက်ဆင်စကီကို ၇-၆ ၇-၄ ၃-၆ ၆-၃နဲ့အနိုင်ရရှိခဲ့ပြီး၊ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြင် သစ်အိုးပင်းပြိုင်ပွဲရဲ့ဗိုလ်လုပွဲကိုတက်ရောက်လာခဲ့တဲ့ ဆီမွန်နာဟာလက်ရော ဂျီလန်နာပါ ပြင်သစ် အိုးပင်းမှာ ဗိုလ်စွဲထားခြင်းမရှိသေးသူတွေဖြစ်ပြီး လက်ရှိအချိန်မှသာ ပြိုင်ပွဲရဲ့ပထမဦးဆုံးချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ကြိုးစားလာမှာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲရဲ့ဗိုလ်လုပွဲစဉ်ကိုတော့ ဇွန်လ(၁၀)ရက်နေ့၊ ယနေ့နေ့လည်(၃)နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်ကို 4TV မှာပါတဲ့ Fox  SPORTS  ရုပ်သံလိုင်း တွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမှာဖြစ်ပါတယ်။  

 

 

Related News