ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပပြုလုပ်နေတဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲကတော့ လက်ရှိအချိန်မှာ Tempo အမြင့်ဆုံးဖြစ်တဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုရောက်ရှိလာပြီဖြစ်ပြီး၊ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွေကို ယနေ့ညပိုင်းမှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဂရမ်းဆလန်းပြိုင်ပွဲတွေထဲမှာ ဒုတိယမြောက်ကျင်းပပြုလုပ်တဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲဟာ လက်ရှိအချိန်မှာဆီမီးဖိုင်နယ်အဆင့်ကိုရောက်ရှိလာခဲ့ပြီး၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် (၁) ဗြိတိန်နိုင်ငံသား အန်ဒီမာရေးနဲ့ မြေစေးကွင်းဘုရင် ရာဖေးနာဒယ်လ်တို့တက်ရောက်ထားခဲ့ကြတာဖြစ်ပါတယ်။ ယခုနှစ်ပြင်သစ်အိုးပင်းပြိုင်ပွဲကတော့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲထက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲက စိတ်ဝင် စားမှုပိုမိုမြင့်တက်နေခဲ့ပြီး၊ ဆီမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့် (၁) အန်ဒီမာရေးနဲ့ ကမ္ဘာ့အဆင့် (၃) ၀ါရင် ကာ၊ ကမ္ဘာ့အဆင့် (၄) မြေစေးကွင်းဘုရင် ရာဖေးနာဒယ်လ်နဲ့ ကမ္ဘာ့အဆင့် (၆) သြစတြီးယားနိုင်ငံသား ဒိုမီ နစ်သိန်းတို့တွေ့ဆုံနေခဲ့တာဖြစ်ပါတယ်။

အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်ဟာ မတူညီတဲ့ရည် ရွယ်ချက်တွေကြောင့် စိတ်ဝင်စားမှုနှုန်းပိုမိုမြင့်တက်နေခဲ့ပြီး၊ ကမ္ဘာ့အဆင့် (၁) အန်ဒီမာရေးနဲ့ ပြိုင်ပွဲရဲ့အ အောင်မြင်ဆုံးကစားသမားအဖြစ်ဆက်လက်ရပ်တည်ဖို့ကြိုးစားလာမယ့် မြေစေးကွင်းဘုရင်ရာဖေးနာဒယ်လ် တို့ရဲ့ ကြိုးစားမှုတွေကပိုမိုစောင့်ကြည့်ချင်စရာကောင်းနေခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်အိုးပင်းပြိုင်ပွဲဟာ မေလ (၂၈) ရက်နေ့ကနေ ဇွန်လ(၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်နေပြီး၊ လက်ရှိချန်ပီယံတွေအဖြစ် အမျိုးသားတစ် ဦးချင်းပြိုင်ပွဲမှာ ဂျိုကိုဗစ်နဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ မူဂူရူဇာတို့ကရပ်တည်နေကြတာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်တွေကိုတော့ 4TV စက်မှာပါဝင်တဲ့ For Sports ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးနေတာဖြစ် ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။ 

 

 

Related News