လက်စတာစီးတီးအသင်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းကိုရလဒ်ဆိုးတွေမှ ပြန်လည်ရုန်းထွက်နိုင် အောင်စွမ်းဆောင်ခဲ့တဲ့ ယာယီနည်းပြရှိတ်စပီးယားကို လက်ရှိအချိန်မှာ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခဲ့ပြီဖြစ်ပါ တယ်။လက်စတာစီးတီးအသင်းဟာ ရှိတ်စပီးယားကို ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရလဒ်ဆိုးဝါးမှု တွေကြောင့်ရာထူးမှ ထုတ်ပယ်ခဲ့တဲ့ နည်းပြရာနီရေးရီရဲ့နေရာမှာ ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။လက်စတာစီးတီးအသင်းကို ရှိတ်စပီးယားကိုင်တွယ်ချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၅)ထိ ပြီးဆုံး ချိန်ဖြစ်ပြီး ရလဒ်ဆိုးတွေနဲ့ အမှတ်ပေးဇယား အဆင့်(၁၇)နေရာမှာရှိနေကာ တန်းဆင်းဇုန်နဲ့နီးကပ်တဲ့ အခြေ နေမှာရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရှိတ်စပီးယား စတင်ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်(၂၆)မှ စတင်ကာ ပွဲစဉ်(၃၀)ထိ (၅)ပွဲဆက်နိုင်ပွဲရရှိကာ အဆင့်(၁၀)နေရာကို ပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။ လက်စတာစီး တီးအသင်းဟာ ရှိတ်စပီးယားကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲမှာ (၇)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၄)ပွဲ ရှုံးနိမ့် ခဲ့ပြီး ရာသီကုန်ချိန်မှာ အဆင့်(၁၂)နေရာမှာရပ်တည်ခဲ့ပါတယ်။လက်စတာစီးတီးအသင်းကတော့ ရှိတ်စပီးယား ကိုင်တွယ်ချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ထိတက် ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာအသင်းကို ကာလတိုအတွင်းရလဒ် ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ယာယီနည်းပြရှိတ်စပီးယားကို (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ် ဆိုကာ အမြဲတမ်းနည်းပြ အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

 

 

Related News