၂၀၁၆-၂၀၁၇ ဘောလုံးရာသီအတွက် ချယ်လ်ဆီးပရိသတ်များမှ ရွေးချယ်ချီးမြှင့် ပေးသည့် အကောင်းဆုံးကစားသမားဆုအားဘယ်လ်ဂျီယံတောင်ပံကစားသမားဟာဇက်ကဆွတ်ခူးရရှိခဲ့ကြောင်းသိရှိရသည်။ ကစားသမားဟာဇက်သည် ပရိသတ်မှ ပေးအပ်ချီးမြှင့်သည့် ထူးချွန်ဆုအပါအ၀င် အကောင်းဆုံးသွင်းဂိုးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာဇက်သည် ပရိသတ်ရွေးချယ်သည့် ထူးချွန်ဆုအား (၃) ကြိမ်မြောက်နှင့် သွင်းဂိုးဆုအား နှစ်ရာသီဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးကစားသမားများရွေးချယ်သည့် အကောင်းဆုံးဆုအား ပြင်သစ်ကွင်းလယ်လူကွန်တီမှ ဆွတ်ခူးရရှိခဲ့သလိုယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲတော့မည့် အသင်းခေါင်းဆောင် တယ်ရီကိုလည်းအထူးဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်ဟုသိရှိရသည်။ 

 

 

Related News