အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြီးစီးခဲ့သည့် စီနီယာပီဂျီအေဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုဖလားအားဂျာမန်ဂေါက်သီးရိုက်ကစားသမားဘားနတ်လန်ဂါမှ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ပြိုင်ဘက် ဖြစ်သူအိန္ဒိယဂေါက်သီးရိုက်ကစားသမားဗီဂျေးဆန့်အားကျော်ဖြတ်ကာချန်ပီယံဖြစ်ခဲ့သည့် အသက် (၅၉) နှစ်အရွယ်ရှိဘားနတ်သည် ပွဲစဉ်တစ်လျှောက်လုံးတွင် အမှတ်ပေးဇယား၏ ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သလိုဗီဂျေးဆန့်ကလည်းမတိမ်းမယိမ်းဦးဆောင်နိုင်သည့်အနေအထားတွင်ရှိခဲ့သည်။ ယင်းပွဲစဉ်အားအမေရိကန်သမ္မတပိုင်ဆိုင်သည့် ထရမ့်မ်နေရှင်နယ် ကွင်း၌ကျင်းပခဲ့ပြီးသမ္မတဒေါ်နယ်ထရမ့်မ်ကိုယ်တိုင် တက်ရောက်အားပေးခဲ့သည်ဟုသိရသည်။ ပြိုင်ပွဲတစ်လျှောက် အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာတွင် အပြိုင်အဆိုင်ဖြစ်ခဲ့သည့် ဗီဂျေးဆန့်အား နှစ်ချက်အသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ် ကြောင်း၊ ဗီဂျေးဆန့်နှင့် ဘားနတ်တို့အကြားအနည်းငယ်သောကွာခြားချက်မှာကျင်းစိမ်သည့်အပိုင်းဖြစ်ပြီးဘားနတ် ဘက်ကရရှိသမျှ အခွင့်အရေးများကိုအမှားအယွင်းမရှိဘဲထိရောက်စွာအသုံးချနိုင်ခဲ့သည့်အတွက် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ် သည်ဟုသိရှိရသည်။ 

 

 

Related News