ယခုနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လီဂူးချန်ပီယံဆုအား မိုနာကိုအသင်း ထံ လွှဲပြောင်းပေးလိုက်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ၌လည်း (၁၆) ပွဲအဆင့်တွင် ဘာစီလိုနာအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း ပြင်သစ်ကိုပါဒေးဖလားကို ဆွတ်ခူးနိုင်ခဲ့သေးသည်။ အသင်းနည်းပြအမ်မရီက ၄င်းအနေဖြင့် အခြေအနေအရပ်ရပ်ကြောင့် အသင်းမှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်နေမည်မဟုတ်ဟု ပြောကြားခဲ့သလို အစောပိုင်းကာလ များကလည်း အမ်မရီအနေဖြင့် ပီအက်စ်ဂျီမှ ထွက်ခွာဖွယ်ရှိနေသည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

သို့သော် လည်း အသင်းပိုင်ရှင် အယ်ခီလဖီက နည်းပြအမ်မရီသည် လာမည့်ဘောလုံးရာသီ၌လည်း အသင်းနှင့်အတူ ရှိနေဦးဟု ပြောကြားလိုက်သည်။ အမ်မရီအနေဖြင့် အသင်းပိုင်ရှင်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အသင်း၏ ရှေ့အနာဂတ်အတွက် တိုးတက်မှုရှိစေရန် ဆောင်ရွက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးခဲ့ပြီဖြစ်ကြောင်း၊ ယုံကြည်မှုအပြည့်ဖြင့် ကြိုးစား သွားမည်ဖြစ်ရာ ပြင်သစ်လီဂူးပြိုင်ပွဲ၌ ပီအက်စ်ဂျီအသင်းနှင့်အတူ တခြားပြိုင်ဘက်အသင်းများသည်လည်း ပိုမိုအင်အား တောင့်တင်းပြီး တိုးတက်လာဖွယ်ရှိကြောင်း နည်းပြအမ်မရီမှ ပြောကြားလိုက်သည်ဟု သိရသည်။ 

 

 

Related News